“ဘယ်တော့မှအရှုံးမပေးဘူး” ဇာတ်ကားဖြင့် စိုးမြတ်သူဇာမှ အမျိုးသမီးဇာတ်ဆောင်ဆုရရှိ

0
567

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို “ဘယ်တော့မှအရှုံးမပေးဘူး” ဇာတ်ကားဖြင့်  စိုးမြတ်သူဇာမှ ရရှိခဲ့သည်။

ဘယ်တော့မှအရှုံးမပေးဘူး ရုပ်ရှင်ဇာတ်ကားကြီးကိုဇာတ် လမ်း ဘရဏီကျော်၊ဇာတ်ညွှန်း မိုးစက်ဝိုင် ၊ ဒါရိုက်တာ  စတီးလ်(ဒွေးမေတ္တာ)က ပုံဖော်ရိုက်ကူးထားသည်။

ယင်းဇာတ်ကားတွင် နေတိုး၊ နေမျိုးအောင်၊ထွန်းကိုကို၊ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ ရွှေသမီး၊ဇင်ဝိုင်း၊ ထူးခြား၊ သိန်းလင်း၊ ထူးသူရိန်မင်း၊ ကြယ်ဖြူရှင်းသန့်၊ သန်းသန်းစိုးရွှေ ရေးခြယ်၊ ပန်းအိဖြူ နှင့် အနုပညာရှင်များစွာကသရုပ်ဆောင်ထားသည်။

အကယ်ဒမီ စိုးမြတ်သူဇာသည် အမျိုးသမီးဇာတ်ဆောင်ဆုကို ၁၉၉၄ ခုနှစ်တွင် နော်ရင်မွှေး၊ ၁၉၉၈ ခုနှစ်တွင် ရွှေနံ့သာစံအိမ် ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိထားပြီး ယခုတစ်ကြိမ်သည် သုံးထပ်ကွမ်း ဆုကိုရရှိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here