မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ဆိုင်ကယ်အား ကျောက်သယ်ကားက အနောက်မှတိုက်မိခဲ့ရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးေ-သဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် မန္တလေး-လားရှိုးလမ်း စိန်ခြူးဟိုတယ်ရှေ့တွင် ယနေ့ ဒီဇင်ဘာ (၂၃) ရက် နံနက် (၈)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ ကျောက်သယ်ကားက အနောက်က ဝင်တိုက်တာ၊ ဆိုင်ကယ်မောင်းသူ ကားအောက်ရောက်သွားပြီး နေရာမှာပဲ ေ-သဆုံးသွားပါတယ်” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ေ-သဆုံးသူဆိုင်ကယ်စီးအမျိုးသားမှာ အသက် (၅၀) အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားသော်လည်း ဦးခေါင်းပွင့်ဒဏ်ရာဖြင့် နေရာတွင်ပင် ေ -သဆုံးသွားသည့်အတွက် သန္တိသုခလူမှုကူညီရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြင်ဦးလွင် ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ဖောကားများနှင့် ကျောက်တင်ကားများသည် မဆင်မခြင်မောင်းနှင်လေ့ရှိကြပြီး ယာဉ်တိုက်မှုဖြစ်စဉ်များ အမြဲလိုလိုဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – တုသိတာလူမှုကူညီရေးအသင်း
