Thursday, June 11, 2026

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန်...

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင်...

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့်...

တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး...

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး...

ပြည်သူ့လွှတ်တော်က နယ်စပ်ဒေသ၊ တိုင်းရင်း သားရေးရာနှင့်...

မကွေးမဲဆန္ဒနယ်မှဦးစိုးတင့်နိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းခြင်းအား ပြည်သူ့လွှတ်တော်က ဇွန် ၁၀ ရက်တွင်ကျင်းပသည့် တတိယအကြိမ်ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဥ္စမနေ့)တွင် အတည်ပြုခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာရွေ့ပြောင်းလုပ်သားများအတွက်နွန်ထပူရီမြို့တွင် အလုပ်သမားသံရုံးနေရာသစ် ဖွင့်လှစ်

မြန်မာရွေ့ပြောင်းလုပ်သားများအတွက်နွန်ထပူရီမြို့တွင် အလုပ်သမားသံရုံးနေရာသစ် ဖွင့်လှစ်

မြန်မာရွေ့ပြောင်း အလုပ်သမားများအပေါ် အလုပ်ရှင်များက လုပ်အားခခေါင်းပုံဖြတ်ခြင်းကို ကာကွယ်စောင့်ရှောက်ပေးရန်၊ ထိုင်းနိုင်ငံ နွန်ထပူရီ မြို့တွင် အလုပ်သမားသံရုံးသစ် ဖွင့်လှစ်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အလုပ်သမားသံရုံးသစ် ဖွင့်လှစ်မည့်နေရာသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ တို့သည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက နွန်ထပူရီမြို့ရှိ အလုပ်သမား သံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ယာယီအချက်အလက် ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသစ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ သံအရာရှိရုံးသို့ အကူအညီတောင်းခံလာသည့် အလုပ်သမားများအတွက် ခေတ္တတည်းခိုနေထိုင်မည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ ရုံးခန်းဖွင့်လှစ်နေရာချထားမည့် နေရာများအား စစ်ဆေးကြည့်ရှုခြင်း၊ အဆောက်အဦငှားရမ်းရေးစာချုပ် ချုပ်ဆိုခြင်းနှင့် MOEAF မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ လုပ်ငန်းအခြေအနေ တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားများအပေါ် အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်ခြင်းကို ကာကွယ်စောင့်ရှောက်ပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များရရှိရေး ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားရေးရာပြဿနာများကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အလုပ်သမားသံအရာရှိတစ်ဦးကို ခန့်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အလုပ်သမား အရေအတွက်များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာများကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမား သံအရာရှိ (၅) ဦးကို တာဝန်ပေး စေလွှတ်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးအား အလုပ်သမား သံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ်သမားသံအရာရှိ(၁) ဦးကိုလ ည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂/ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့်  အလုပ်သမားနှင့် CI ထုတ်ပေးမှု အရေအတွက်မှာ (၁.၁) သန်း၊ MoU လူသစ်သည် (ဝ.၄၄) သန်း၊ MoU လူဟောင်း (ဝ.၁၆)သန်း၊ စုစုပေါင်း (၁.၇) သန်းအပြင် ယခု CI ထပ်မံဆောင်ရွက်ရန် (၈) သိန်းကျော်ရှိကြောင်း သိရသဖြင့် အကြမ်းဖျဉ်းအားဖြင့် (၂.၅) သန်းဟု ခန့်မှန်းထားချက်အရ သိရသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် သက်ဆိုင်ရာနိုင်ငံမှ အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်မခံရစေရန် ကာကွယ်စောင့်ရှောက်မှုများပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားရေးရာအခက်အခဲများကို သက်ဆိုင်ရာ နိုင်ငံရှိ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုနိုင်စေရန်အတွက် ဘိုးဘိုးကြီးနန်းနှင့်နတ်ရှင်နောင်အုတ်ဂူ တည်ရှိရာဖက် ​စောင်းတန်း အခြမ်းအား ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင် ရှေးခေတ်မွန်နှင့် မြန်မာလက်ရာများစွာ ရှိသည့်အပြင်၊ သမိုင်းဝင် တောင်ငူခေတ် နတ်ရှင်နောင်၏ အုတ်ဂူမှာလည်း ယခုပြုပြင်နေသည့် ဘိုးဘိုးကြီးစောင်းတန်းအနီးတွင် တည်ရှိသဖြင့် သမိုင်းဝင်လက်ရာများ ပေါကြွယ်ဝသော ဘုရားကြီးလည်း ဖြစ်သည်။ မိမိတို့ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်းဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး၏ သာသနာ့အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတွင် လက်တွဲကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု မိုးဇလသတိပေး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့် အလယ်ပိုင်းမြို့ကြီးများတွင် အမြင့်ဆုံးအခြေအနေအထိမြင့်တက်လာနိုင်ကာ (၆)ပေမှ(၁၂)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့ဖြစ်ကြောင်း သိရသည်။ (၂)ပေမှ (၄)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့ဖြစ်ပြီး ချင်းတွင်းမြစ်ရေသည်လည်း မြစ်ဝှမ်းဒေသတစ်လျှောက်တွင် (၈)ပေမှ...

တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းတို့ကို ဆွေးနွေး

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းတို့ကို ဖြန့်ဝေထားပြီး အဆိုပါစည်ပင်သာယာ Model Law ပါ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိဒေသနှင့် လိုက်လျောညီထွေ ရှိသည့်ကိစ္စရပ်များကိုသာ ရွေးချယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာသီတာဦး ကပြောသည်။ “ မြို့တော်စည်ပင်သာယာရေး ဥပဒေများကိုလည်း အတတ်နိုင်ဆုံးပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်၍ ဥပဒေမူကြမ်းပါ ဖော်ပြချက်များတွင် မိမိဒေသနှင့် မကိုက်ညီသောအချက်များနှင့် ထပ်မံဖြည့်စွက်လိုသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071