ယခုတပတ်တွက် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် တစ်ပါတ်တွင် စက်သုံးဆီ ၉၂ တစ်လီတာ ၂၁၃၀ ကျပ် ဖြစ်ခဲ့ရာမှ ယနေ့တွင် စက်သုံးဆီ ၉၂ တစ်လီတာ ၂၁၀၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၂၄၀ ကျပ် ဒီဇယ် တစ်လီတာ ၂၁၂၅ကျပ် ၊ပရီမီယံဒီဇယ် တစ်လီတာ ၂၂၁၅ ကျပ်သို့ ဈေးကျလာခဲ့ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၄) ရက်တွင် ဆီတင်ယာဉ် (၁၀၂၃) စီးဖြင့် 92Ron (၉)သိန်းကျော်၊ 95 Ron (၁)သိန်း (၅) သောင်းကျော်၊ ဒီဇယ်ဆီ (၇)သိန်း(၅) သောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ (၆)သိန်းကျော် ဖြည့်တင်းပေးနိုင်သဖြင့် နိုင်ငံတဝန်းရှိ ရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေတိုင်းရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန် သီလဝါဆီသိုလှောင်ကန်များ၌ စက်သုံးဆီများကို အလုံအလောက် ဖြည့်တင်းဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။




