Sunday, June 15, 2025

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက...

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅)...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)...

ဘားအံ၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍...

ကျိုက်ထိုတွင် ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာတစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးရွာ၌ ယနေ့ဇွန် (၁၅) ရက် နံနက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူအမျိုးသား လူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနက ကအသိပေး...
HomeNewsLocal Newsစာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်စာတမ်းဖတ်ပွဲကျင်းပ

စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်စာတမ်းဖတ်ပွဲကျင်းပ

စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအား စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်၍ ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြခန်းအတွင်း ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊မှတ်တမ်းဓာတ်ပုံများ၊ရေးသားပြုစုတော်မူခဲ့သည့် စာပေနှင့်ပေကျမ်းများ၊ခေတ်ပြိုင်စာဆိုတော်များ၊စာဆိုတော် ရှင်မဟာရဋ္ဌသာရကို ဂုဏ်ပြုရေးသားထားသည့် ဆောင်းပါးများ ခင်းကျင်းပြသထားရှိမှုကိုကြည့် ရှုလေ့လာခဲ့သည်။

ထို့နောက် စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပရခြင်းကို သာသနာရေးနှင့် ယဉ်ကျေးမှဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး တင်ဦးလွင်က ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် စာဆိုတော်ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ် မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်များဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ လဲ့လဲ့ဝင်းက ရှင်မဟာရဋ္ဌသာရ(သမိုင်းအမြင်ဖြင့် လေ့လာခြင်း)စာတမ်း၊ ဦးအမ်းယုမောင်(မောင်လူမွှေး- မြန်မာမှု)က သံဝရပျို့မှသင်ပုန်းကြီးရေးထုံးသင်ရိုးနှင့်သတ်ပုံရေးထုံးစာတမ်း၊ သမိုင်းသုတေ သနနှင့်အမျိုးသားစာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းဦးက မြန်မာလူမျိုးတို့လိုက်နာကျင့်သုံးရသော ကျင့်ဝတ်တ ရားတို့မှ မင်းတို့ကျင့်ရာသောတရားများစာတမ်းတို့ကိုဖတ်ကြားခဲ့ကြပြီး ပြင်ပပညာရှင်ဦးသူရဇော်မှ ရဟန်းစာဆိုရှင် ရှင်မဟာရဋ္ဌသာရအား ကဗျာ၊လင်္ကာရှုထောင့်မှ ဖတ်ရှုပူဇော်ခဲ့သည်။

ရှင်မဟာရဋ္ဌသာရသည် အင်းဝခေတ် သက္ကရာဇ် (၈၃၀)ကပေါ်ထွန်းခဲ့ကာ စံထားလောက်သည့် ဂန္ထဝင်မြောက် ပျို့၊ကဗျာ၊လင်္ကာ၊မော်ကွန်း၊တောလားအစရှိသည့် မြန်မာစာပေ၏ ကြွယ်ဝလှသည့် စာပေပုံသဏ္ဍာန်မျိုးစုံကို လောကကြောင်း၊ ဓမ္မကြောင်းများနှင့်ယှဉ်၍ ရေးသားစပ်ဆိုခဲ့သည့် စာဆိုတော်ကြီးတစ်ပါးဖြစ်သည်။

စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့သည့် ကဗျာလင်္ကာများအနက် မြန်မာနိုင်ငံစာပေသင်ကြားမှုသမိုင်းတွင် အထင်ကရရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာလင်္ကာသွားဖြစ်ပြီး ယနေ့အထိလည်း ခေတ်မီနေဆဲပင်ဖြစ်ကာ သုနေယျ- ကြားနာခြင်း၊ စိန္တေယျ-ကြံဆခြင်း၊ ပုစ္ဆေယျ-မေးမြန်းခြင်း၊ ဘာသေယျ-ပြောဆိုဆွေး နွေးခြင်း၊ ဝိစာယေယျ-စူးစမ်းဆင်ခြင်ခြင်း၊ လိခေယျ-ရေးမှတ်ခြင်း၊ သိက္ခေယျ-လေ့ ကျင့်ခြင်း၊ ဓာရေယျ-နှုတ်တက်အာဂုံဆောင်ခြင်း တို့ပင်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက ကမ္ဘာ့သာသနာပြု သီလရှင်ဆရာကြီး ဒေါ်ဒီပင်္ကရာထေရီမှ အလှူတော်ငွေကျပ်သိန်း (၅၀၀)အား ယနေ့ ဇွန် ၁၅ ရက်က လာရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလှူငွေအား သီတဂူဆရာတော်ကြီးမှလက်ခံရယူတော်မူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်တော်မူခဲ့ကြောင်း သိရသည်။

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ကွန်ကရစ်တမံတွင် အမှတ် (၁) စက်ရုံ မှ (၂၀ ဒသမ ၄) မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ (၁၀)မဂ္ဂါဝပ်စုစုပေါင်း စက်တပ်ဆင်အင်အား (၃၀ ဒသမ ၄)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ...

ဘားအံ၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ထိုကဲ့သို့ လေ့ကျင့်ခြင်းလည်း ဖြစ်သည်။ လေ့ကျင့်မှုကို ဘားအံမြို့၊ ကန်သာယာ ရေပြင်နှင့် ဇွဲကပင်ခန်းတို့တွင် လူအင်အား (၄၅၀) ကျော်၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် (၈) စီး၊ ယာဉ်ယန္တရား (၄၀) စီးတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မိုးလေဝသနှင့် ဇလဗေဒဦး စီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071