ပရိသတ်တွေကို ပုံစံအသစ်နဲ့ ဖမ်းစားလိုတဲ့ YoonA

0
148

girls-generation-yoona_1469930272_af_org-copy

ယွန်းန(YoonA)ဟာGirl Generation  အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သူမရဲ့ ရည်မှန်းချက်က သူမနောက်ဆုံးရိုက်ကူးထားတဲ့The K2 ဇာတ်ကားမှာ သူမကို အသွင်မတူတဲ့ ဇာတ်ရုပ်နဲ့တွေ့မြင်လိုတာပါ။SM communication center  မှာ နိုဝင်ဘာ ၁၅ ရက်နေ့ကYonhap News နဲ့ အင်တာဗျူးစဉ်The K2ဇာတ်ကားနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်မကို ပရိသတ်တွေ မြင်နေကျပုံစံမျိုးနဲ့မတူအောင် ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ တချို့အခန်းတွေကို ပြန်လည် ရိုက်ကူး ချင်ပေမယ့် ရိုက်ကူး စဉ်က စိတ်နှစ်ပြီး အကောင်းဆုံးလုပ်ဆောင်လို့ ပရိသတ်တွေ နှစ်သက်မယ်လို့ ထင်ပါ တယ်”လို့ပြောပါတယ်။ သူမရဲ့ အနုပညာလမ်းကြောင်းနဲ့ပတ်သက်ပြီး မေး မြန်းတော့ ယွန်းနက သူမဟာ ပျော်ရွှင်ပြီး တက်ကြွတဲ့အခန်းတွေကို သရုပ်ဆောင်ခဲ့တာများ ပါတယ်။ အနုပညာအရည်အသွေး တိုးတက် ဖို့ဆို ပုံစံမတူတဲ့ ကာရိုက်တာတွေကို လုပ်ဆောင်ရမယ်လို့ ထင်ပါ တယ်။ The K2 မှာ သရုပ်ဆောင်ရတဲ့ Anna  ဆိုတဲ့ ဇာတ်ရုပ် က သူမရဲ့ သရုပ်ဆောင်နေကျပုံစံနဲ့ ကွဲပြားတာကြောင့် သူမ Anna အဖြစ် သရုပ်ဆောင်နေ စဉ်ကာလက အလွန်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။The K2 ဇာတ်ကားကို မကြည့် ရသေးတဲ့ ယွန်းန (့YoonA)ရဲ့ ပရိသတ်တွေ အတွက် သတင်း ကောင်း တစ်ခုပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here