Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeNewsLocal Newsစားသုံးဆီဈေးနှုန်း လျှော့ချနိုင်ရန် တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့်...

စားသုံးဆီဈေးနှုန်း လျှော့ချနိုင်ရန် တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်လို

ယခုရက်ပိုင်းအတွင်း စားသုံးဆီဈေးနှုန်များ လွန်ကဲစွာ မြင့်တက်မှုရှိနေသည့်အပေါ် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် တစ်ဦးနှင့် တစ်ဦးသံသယဖြင့် ဆောင်ရွက်ခြင်းထက် အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လက်ရှိ ဈေးနှုန်း လွန်ကဲစွာမြင့်မား‌နေခြင်းကို လျော့ချနိုင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ယနေ့ကျင်းပပြုလုပ်သည့်စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးညှိနှိုင်းအစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် တတိယထပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

” စားအုန်းဆီဈေးက ဒိုင်မှာတင်ဈေးကကြီးတော့ လက်လီဈေးကွက်မှာ ဈေးကမြင့်နေတာပေါ့။ အဓိကငွေလဲနှုန်းမြင့်နေတာနဲ့လည်းဆိုင်တာပေါ့။ လက်ကားဈေးကွက်ကကျလာမှ လက်လီဈေးကကျမှာပေါ့။ သက်ဆိုင်တဲ့ဌာနအဖွဲ့အစည်းတွေကတော့ အခုစားသုံးဆီဈေးကျဖို့အတွက်လုပ်ဆောင်နေကြတယ်။ စားအုန်းဆီကလည်း အခြေခံလူတန်းစားတွေ အများဆုံးဝယ်ယူကြတာ”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှတာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြင်ပလက်လီဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိသာ ၁၀၀၀၀ အထက်တွင်ရှိနေခြင်းဖြစ်သည်။

ထို့ပြင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် လတ်တလော ကာလတွင်အခြေခံစားသောက်ကုန်များ ဆန်၊ စားသုံးဆီဈေးနှုန်းများ ဈေးကွက်အတွင်း ပုံမှန်စီးဆင်း ဖြန့်ဖြူးနိုင်ရေး၊ အများပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း ဖြစ်စေရေး အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ယခုရက်ပိုင်းများအတွင်း စားသုံးဆီဈေးနှုန်များ လွန်ကဲစွာ မြင့်တက်မှု ရှိနေသည့်အပေါ် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် တစ်ဦးနှင့် တစ်ဦးသံသယဖြင့် ဆောင်ရွက်ခြင်းထက် အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လက်ရှိ ဈေးနှုန်း လွန်ကဲစွာမြင့်မား‌နေခြင်းကို လျော့ချနိုင်မည်ဖြစ်ကြောင်း ၊ အများပြည်သူဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်မည့် ကိစ္စရပ်လည်း ဖြစ်နေပါသဖြင့် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ကြောင်း” ဥက္ကဌဦးအေးဝင်းကအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“စားအုန်းဆီဈေးကျတာ့ ကောင်းတာပေါ့။ တစ်ဆယ်သားကို ၁၀၀၀ ပေးဝယ်နေရတာ။ အခုဆိုရင် ဆန်နဲ့ဆီဝယ်တာနဲ့တင်ကုန်ပြီ။ စားဆီဈေးကျမယ်ဆိုရင်ဘာပဲပြောပြော အဆင်ပြေတာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

ယနေ့အစည်းအဝေးတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊  စားသုံးဆီ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်များနှင့် စားသုံးဆီများ ဈေးကွက်အတွင်း စီးဆင်းမှုမှန်ကန်စေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများက စားသုံးဆီ ဈေးနှုန်းများပြန်လည်ကျဆင်းပြီး ဈေးကွက်အတွင်း မပြတ်လပ်စေရေး အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသော စားသုံးဆီကုမ္ပဏီများမှ ဈေးနှုန်းကျဆင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အရေးကြီးသောလိုအပ်ချက်ဖြစ်၍ အချင်းချင်းနားလည်မှုရှိရှိနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုမ္ပဏီများအနေဖြင့် ဈေးကွက်အတွင်း ရည်ညွှန်းဈေးများဖြင့်ရောင်းချမည့်အစီအမံ၊ လက်လီပြန်လည်ရောင်းချသူများအနေဖြင့် ကုမ္ပဏီက ထုတ်ရောင်းသည့် စားသုံးဆီများအပေါ်မှာ အခွင့်အရေးတစ်ရပ်ယူ၍ ဈေးနှုန်းတင်ရောင်းချခြင်းမပြုရန် အသင်းဖက်က စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊နေ့စဉ်ဈေးကွက်သတင်းကို တာဝန်ယူစုံစမ်းရေး၊ ကုန်သည်စက်မှုအသင်းချုပ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071