လူကြီးတွေရဲ့ သီချင်းကို ပြန်ဆိုတဲ့အခါ သီချင်းမပျက်စီးအောင် ကြိုးစားရပါတယ် ရတနာမိုင်

0
396

 dsc_0336-copy

   ရတနာမိုင် က သူမရဲ့  လေးခွေမြောက်စီးရီး ‘သူသိစေ’ ရဲ့MTV ကို လတ်တလောမှာ ရိုက်ကူးမှုမပြုလုပ်သေးဘဲ ဒီနှစ်ကုန်ပိုင်းမှာမှ စတင်ရိုက်ကူးမယ်လို့ ဆိုပါတယ်။Audio CD မှာလည်း ပရိသတ် အားပေးမှုရရှိခဲ့တဲ့ သီချင်းတွေ ပါဝင်ခဲ့တာကြောင့် MTVကိုလည်း   သေချာအချိန်ယူ ရိုက်ကူးမယ်လို့ သူမက ဆိုပါတယ်။

“အိုင်ဒီယာလေးတွေတော့ စဉ်းစားထားတာရှိတယ်။ တစ်ခါ တလေ လည်း စဉ်းစားရင်းနဲ့ ပျောက်ပျောက်သွားတယ်။ ခုခေတ်က MTV  တစ်ပုဒ်ရိုက်ကူးမယ်ဆိုရင်တောင် စရိတ်က အရင်ထက်ပိုများသွားပြီ ဆိုတော့ ပိုက်ဆံလည်း သေချာစုပြီး အတတ်နိုင်ဆုံး အကောင်း ဆုံးဖြစ်အောင် ရိုက်ကူး သွားမှာပါ။ ဒါပေမဲ့ ရိုက်ကူးပြီး ပြန်ထွက်ရှိမယ့်အချိန်နဲ့ဆို ကြားထဲမှာလည်း ဟမယ့်အချိန်ကရှိတော့ ကိုယ့်အရုပ် ရိုက်ကူးမှုက ရိုးသွားမလား ဆိုတာလည်း စိုးရိမ်ရတယ်။ ခေတ်ကလည်း တအားမြန်တော့ ကိုယ်က အကောင်းဆုံး ရိုက်ကူးထားပေမယ့်   ခေတ်နဲ့ အံဝင်ခွင်ကျ မဖြစ်မှာလည်း စိုးရပါတယ်။ အဲဒီ အတွက်လည်း အတတ်နိုင်ဆုံး၊ အကောင်း ဆုံးတော့ ဖြစ်ဖို့ ပြင်ဆင်သွားမှာပါ” လို့ ရတနာမိုင်က ပြောပါတယ်။

ဒီဘက်နှစ်ပိုင်းကာလတွေမှာတော့ ရတနာမိုင်က အနုပညာလှုပ်ရှားမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကို တွေ့ရပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့ မှာ ကျင်းပ မယ့် မေရွက်ဝါရဲ့ အမှတ်တရ ဖျော်ဖြေပွဲမှာလည်း ပါဝင် သီဆိုမယ်လို့ သိရပါတယ်။ ဒီလို လူကြီးတွေရဲ့ အမှတ် တရ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုတဲ့အခါ ထား ရှိတဲ့ ခံစားချက်ကိုလည်း ရတနာမိုင်က..

“အန်တီမေရွက်ဝါ ဆိုတာလည်း မေမေတို့နဲ့ ငယ်ငယ်ကတည်းက ရင်းနှီး ကြတဲ့ ညီအစ်မတွေလို လည်း ဖြစ်ကြတယ်။ သူတို့ သီချင်းေ တွကို သီဆိုရတဲ့အ ခါမှာ အတတ်နိုင်ဆုံး သီချင်း ဟန်လည်း မပျောက်အောင်၊ ကိုယ့်ပုံစံလေးလည်းပါ အောင် ကြိုးစားပါတယ်။ အဓိက ကတော့ သီချင်းကို မပျက်စီးသွားအောင် ကြိုး စားဆိုရဖို့က ကိုယ့်တာဝန်ပါ ပဲ” လို့ ရတနာမိုင် က ပြောပြခဲ့ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here