Wednesday, May 6, 2026

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...
HomeNewsLocal Newsမြဝတီ - ကော့ကရိတ်...

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မြေပြိုမှုကြောင့်ပျက်စီးသွားသည့်နေရာ၌ ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မြေပြိုမှုကြောင့်ပျက်စီးသွားသည့်နေရာ၌ ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း ကော့ကရိတ်မြို့ လမ်းဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ်အာရှလမ်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့သည့်အတွက် အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှစတင်ပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၂ ရက်တွင် ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကော့ကရိတ်မြို့ လမ်းဦးစီးဌာနမှ ဘက်ဟိုးယာဉ် ခြောက်စီး၊ မြေကော်စက် နှစ်စီး၊ မြေညှိစက်(ဒိုဇာ) တစ်စီးတို့ဖြင့် လမ်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်းဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်းခင်းခြင်းကို အလျားပေ ၂၀၀၊ အနံ ပေ ၃၀၊ ထု တစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်းခြင်းလုပ်ငန်းကို အလျား ပေ ၃၀၀၊ အနံပေ ၃၀၊ ထုတစ်ပေခင်းခြင်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ လမ်းဦးစီးဌာနထံမှ သိရသည်။

မြေပြိုမှုကြောင့် ပျက်စီးသွားသည့်လမ်းနေရာ၌ အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ ရှစ်လက်မရှိ ယာယီဘေလီတံတားကို မြဝတီဘက်ခြမ်းမှစတင်၍ ယာယီဘေလီ တံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၂ ရက်အထိ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် မကြာမီကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်း သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရှိ ယာယီဘေလီတံတား တည်ဆောက်မည့် တံတားချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ကော့ကရိတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဦးစီးအဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်ပြည်နယ်(ပြန်/ဆက်)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071