နိုင်ငံတကာမှာပြုလုပ်မယ့် Mister ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်တို့ရဲ့ စကားသံများ

0
218

mr-copy

Misters of Myanmar Organization မှ ရွေးချယ်တဲ့ Mr. Tourism World Myanmar 2016  ဥက္ကာမင်းမောင်၊Mr. Model International Myanmar 2017  အောင်ခန့်၊ Mr. Amity Inter-national Myanmar 2017  သူရ မောင်ချို၊ Mr. Asian Myanmar 2016 တေဇ တို့က နိုင်ငံအသီးသီးမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲ များသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ် ပြိုင်မှာဖြစ် ကြောင်း သိရပါတယ်။ နိုင်ငံကိုယ် စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် Mister  များရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုနဲ့ ရင်ခုန် စိတ်လှုပ်ရှားမှု များကို အခုလို ဖော်ပြပေးလိုက်ပါ တယ်။

►ဒီဇင်ဘာလ ၁၂ ရက်နေ့ ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပမယ့် Mr. Tourism World 2016  မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်မယ့် ဥက္ကာမင်းမောင်

ဒီပြိုင်ပွဲက ဒီနှစ်မှစလုပ်တာ လည်းဖြစ်တယ်။ ကျွန်တော်ကိုယ် တိုင်လည်း စိတ်ဝင်စားတယ်။Travel & Tour  ကိုလည်း စိတ်ဝင် စားတယ်။ နောက်ပိုင်း ကျွန်တော် လုပ်ချင်တဲ့ ပရဟိတလုပ်ငန်းတွေ မှာလည်း ဒီပြိုင်ပွဲက အထောက် အကူပြုမယ်ထင်လို့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပြင်ဆင်မှု အပိုင်းက Body ပိုင်းကို သေချာ ကစားတယ်။ အဝတ်အစားပိုင်းလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်။Talent  ပိုင်းအတွက် မြန်မာ့ရုပ်သေး ကမယ်လို့ ကျွန်တော် စဉ်းစားထား တယ်။စာတွေ လည်းဖတ်ဖြစ်ပါတယ်။

►Mr. Model International 2017 ကို မြန်မာနိုင်ငံကိုယ်စားပြု ဝင် ရောက်ယှဉ်ပြိုင်မယ့် အောင်ခန့်

တကယ်တမ်း ဒီပြိုင်ပွဲက နိုဝင် ဘာလ ၁၁ ရက်နေ့မှာ ပြိုင်ရမှာ။ အချိန်က တအားနီးသွားတော့Mr. Model International 2017  ပြိုင်ပွဲကိုပဲ ဝင်ပြိုင်မယ်။ အခုလတ် တလောမှာက National Costume ၊ Body ပိုင်း၊Talent  ပိုင်းတွေကို ပြင်ဆင်ထားတယ်။ Talent ပိုင်းကို ရိုးရာအမွေအနှစ်ဖြစ်တဲ့ ရှမ်းဓား သိုင်းအက ကပြဖို့စီစဉ်ထားပါတယ်။

►၂ဝ၁၇ ခုနှစ် ဧပြီလ ၄ ရက်နေ့ ဘန် ကောက်မှာကျင်းပပြုလုပ်မယ့် Mr. Amity International 2017 ပြိုင် ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် သူရမောင်ချို

အချိန်က ၅ လလောက်ရပါ တယ်။ အဓိကPhysical  နဲ့ Communication  ပိုင်းပဲ။ သူများ နိုင်ငံနဲ့ လိုက်လျောညီထွေအောင် နေရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင် လို့ပါ။ အဲဒီနှစ်ခုကို ပြင်ဆင်ထားပါ တယ်။ အရင်တုန်းက အနုပညာ အလုပ်တွေလုပ်ခဲ့ပေမယ့် ပြိုင်ပွဲတွေ တစ်ခါမှမပြိုင်ခဲ့တော့ ပျော်လည်း ပျော်သ လို ကြောက်စိ တ်လည်း ဝင်မိ တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစား သွားမှာပါ။

►နိုဝင်ဘာလ ၁၄ ရက်နေ့ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Mr. Asian 2016 ကို မြန်မာနိုင်ငံကိုယ်စား ပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နေ ပြီဖြစ်တဲ့ တေဇ

National Costume, Body ပိုင်း၊ English 4 Skills  ကို ကြိုးစား ပြင်ဆင်သွားပါတယ်။Interna-tional  မှာ သွားပြိုင်ရတာဆိုတော့ နည်းနည်း Excited   တော့ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ယှဉ် ပြိုင်သွားမှာပါ။Talent  ပိုင်းကDance တစ်ခုအနေနဲ့ ဖျော်ဖြေသွား မှာပါ။

တွယ်တာ