ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၁၅၀) ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ (၉၇) အရ နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ)အရ သြဂုတ်လ (၇)ရက်တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ (၁၅၀) အပါအဝင် ဩဂုတ်လ ပထမပတ်မှ လက်ရှိအချိန်ထိ မှတ်ပုံတင်စာရင်း ပယ်ဖျက်ခံထားရသည့် ကုမ္ပဏီစုစုပေါင်း ၃၀၀ ခန့်ရှိပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စာရင်းအချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း နှစ်စဉ်အစီရင်ခံစာ တင်ပြရန်ပျက်ကွက်သည့် ကျောက်မျက်နှင့် စွမ်းအင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၆၀၀) ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
မိမိ၏ ကုမ္ပဏီသည် လုပ်ငန်းဆက်လက်လည်ပတ်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစီရင်ခံစာတင်ပြရန် ပျက်ကွက်ခဲ့ပြီး စာရင်းမှ ပယ်ဖျက်ခံရပါက ကုမ္ပဏီတည်ရှိရာ တရာရုံး တစ်ခုခုတွင် မှတ်ပုံတင်ခွင့်ကို ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Photo-DICA
