Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeNewsLocal Newsဝေါမြို့တွင် Express ကားပေါ်မှ...

ဝေါမြို့တွင် Express ကားပေါ်မှ ငွေကျပ် ၄၃၈၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့တွင် Express ကားပေါ်မှ ငွေကျပ် ၄၃၈၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၆) ရက်ည (၉) နာရီခွဲ မိနစ်အချိန်တွင် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ X-Ray (ညောင်ခါးရှည်) ၌ X-Ray စက်ဖြင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ဘက်မှ မြ၀တီမြို့ဘက်သို့ ကောင်းမြတ်သော် မောင်းနှင်ပြီး ငြိမ်းချမ်း နှင့် ကျော်ဇောဟိန်း(ခ) ကျော်ကြီး တို့လိုက်ပါလာသည့် Express ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၄၃၈၇.၅ သိန်း) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ သြဂုတ်လ (၇) ရက် ည (၁၁) နာရီအချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါ၀င်သူ အောင်အောင်အား တောင်ကြီးမြို့၊ ရပ်ကွက်(၃)၊ ပိတောက်လမ်းရှိ ကားဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကောင်းမြတ်သော်(၃၃)နှစ်၊ ကျော်ဇောဟိန်း (ခ)ကျော်ကြီး(၂၇)နှစ်၊ ငြိမ်းချမ်း(၂၆)နှစ် နှင့် အောင်အောင်(၅၃)နှစ် တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

Photo – CCDAC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071