မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည် တွင်း/ပြည်ပမှ ဆရာတော် ၉၀၀ ပါးက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူ

0
106

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း/ပြည်ပမှဆရာတော် ၉၀၀ ပါးမှ သြဂုတ် ၁ ရက်(ယနေ့) နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူခဲ့ကြသည်။

အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံမှ သံဃာ တော်(၆)ပါး၊ ထိုင်းနိုင်ငံမှ သံဃာတော်(၁၁)ပါး၊ နီပေါနိုင်ငံမှ သံဃာတော်(၁၀)ပါး၊ ဗီယက်နမ်နိုင်ငံမှ သံဃာတော် (၁၁)ပါး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
သံဃာတော်(၁၀)ပါး၊ လာအိုနိုင်ငံမှ သံဃာတော် (၆)ပါး၊ သီရိလင်္ကာနိုင်ငံမှ သံဃာတော်(၁၁)ပါး၊ အိန္ဒိယနိုင်ငံမှ သံဃာတော်(၅)ပါးတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သီးခြားစီဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူခဲ့ကြသည်။

ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအ နားသို့ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊သီ တဂူဆရာတော်ကြီးနှင့်ပြည်တွင်း/ပြည်ပမှ ဆရာ တော်ကြီးများကြွရောက်ချီးမြှင့်တော်မူကာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့်သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် မြန်မာနိုင်ငံမှ ဆရာတော်ကြီးများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကာ သီတဂူဆရာတော်ကြီးမှ အောင်ဘိသိက်ဂါထာတော်အား ရွတ်ဆိုပူဇော်ပြီးနောက် သာဓုခေါ်ဆိုခဲ့ကြသည်။

ထို့ပြင် ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့်ရေစက်ချခြင်းမဟာမင်္ဂလာအခမ်းအနားများကိုလည်း နစက ဥက္ကဋ္ဌဦးဆောင်ကာ ဆက်လက်ဆင်ယင်ကျင်းပကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here