Saturday, May 23, 2026

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊...

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂...

ဖလမ်းမြို့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများ ပြန်လည်ဝင်ရောက်မြို့သန့်ရှင်းရေးလုပ်ငန်းများလည်း...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံများသည် ဖလမ်းမြို့အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်သဖြင့် ယနေ့...
HomeNewsLocal Newsပြည်တွင်း၊ပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည့်...

ပြည်တွင်း၊ပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသ(၇)ခုကို ပုဂံမြို့တွင် ဖော်ဆောင်ထား

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသ(၇)ခုကို ဖော်ဆောင်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှ သိရသည်။

အဆိုပါ ခရီးစဉ်ဒေသများမှာ မိနစ် (၃၀)ခန့် တက်ရသည့် တုယင်းတောင်တက်ခရီးစဉ်၊ နှစ်ပေါင်း (၉၀၀)ခန့် သက်တမ်းရှိ မန်းကျည်းပင်ကိုးဝနှင့် အေဒီ ‌(၁) ရာစုခန့်က သံချပ်ဖိုတည်ရှိရာ ဇီးအူလှကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ပုပ္ပါးတောင်အနီးရှိ တောင်တက်ခရီးစဉ်၊ နေဝင်အလှကြည့်နိုင်သည့် မြင်းကပါကျေးရွာ၊ ခဲမူးအိုင်ခရီးစဉ်နှင့် ကျေးရွာအခြေပြု ရွှေနံ့တောင်ခရီးစဉ်တို့ဖြစ်ကြောင်း သိရသည်။

“ခုချိန်ရန်ကုန်မှာ မိုးကောင်းပေမယ့် ပုဂံမှာ မိုးမရွာပါ။ တစ်ညနေလောက်ပဲ မိုးရွာတာကြုံခဲ့ရတယ်။  မနက်စောစောထလည်ကြပါ။ နေ့လည် ဟိုတယ်ပြန်နားပါ။  ညနေလေးနာရီလောက်မှ ပြန်လည်တာ အဆင်ပြေဆုံးပါ။ နေ့လည်ဘက်ဆို ပူချက်က ဘုရားပေါ်ခြေမချနိုင်ပါဘူး။ လမ်းမှာလှူဖို့ ပိုက်ဆံအကြွေလေးတွေများများ ဒါမှမဟုတ် မုန့်ထုပ်လေးတွေ အများကြီးဝယ်သွားရင် ကလေးတွေကို ဝေပေးလို့ ပိုအဆင်ပြေနိုင်ပါတယ်”ဟု ယခုလအတွင်း ပုဂံသို့ ဘုရားဖူးသွားခဲ့သည့် ခရီးသွားတစ်ဦးက ပြောကြားသည်။ 

လက်ရှိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများဆုံးသွားရောက်လည်ပတ်သည့် ပုဂံဒေသကို လာရောက်လည်ပတ်သူ ပုံမှန်ပြန်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သို့သော် ယင်းအခြေအနေသည် ကိုဗစ်ကပ်ရောဂါ မတိုင်ခင်ကာလနှင့် နှိုင်းယှဉ်ပါက ဧည့်သည်ဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ခရီးသွားရာသီတွင် ကမ်းခြေဒေသဖြစ်သည့် ချောင်းသာ၊ ငပလီနှင့် ငွေဆောင်ကမ်းခြေ၊ ပုဂံဒေသနှင့် မြန်မာပြည်အထက်ပိုင်းရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီးခရီးစဉ်များသို့ သွားရောက်လည်ပတ်သူ များပြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပထမငါးလအထိ ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု လေးသိန်းကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 

ပြည်တွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၂၃၃ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ရုရှားခရီးသွားဧည့်သည်များလည်း ပါဝင်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ မေလအထိ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု လေးသိန်းကျော်ရှိပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှုတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက်ဝင်ရောက်လာရန် ပြည်ပနိုင်ငံများ၏ ခရီးသွားစျေးကွက်ရရှိရန် နိုင်ငံအစိုးရများအကြားသာမက ကမ္ဘာ့ခရီသွားလုပ်ငန်းအဖွဲ့ချုပ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းအများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်စည်ပင်က လျှပ်စစ်အမှိုက်သိမ်းယာဥ်(၃) စီးဝယ်ယူမည်

နေပြည်တော်စည်ပင်၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအား တို-က်ရို-က်တင်ဒါစနစ်ဖြင့်ဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာအား ယနေ့ မေ ၂၂ ရက်ကဖွင့်ဖောက်စစ်ဆေးခဲ့သည်။ အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီမှရောင်းချမည့် Dongfeng Leaf Collector Vehicle နှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာအချက်အလက်များနှင့် အသုံးပြုမှုတို့ကိုရှင်းလင်းတင်ပြပြီးနောက် တင်သွင်းသည့် လျှပ်စစ်အမှိုက်သိမ်းယာဉ်(EV Garbage Truck) Dongfeng Leaf Collector Vehicle (၃)စီးအတွက် ဈေးနှုန်းအဆိုပြုလွှာကို ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့သည်။

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှု ရေလမ်းဘက် ပြောင်းရွှေ့၊ ဂေါဝိန်ဆိပ် အဓိကကုန်စည်ဂိတ်ဖြစ်လာ

စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုတွင် ကားလမ်းအစား ရေကြောင်းလမ်းကို ပိုမိုအသုံးပြုလာကြပြီး မန္တလေးမြို့ဘက်၌ ဂေါဝိန်ဆိပ်ကမ်းကို အဓိကအသုံးပြုနေကြကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက်များကို မန္တလေးမြို့သို့ သယ်ယူရာတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် အခွန်လွတ်ဈေးများမှ ကုန်စိမ်း၊ သားငါးနှင့် စားသောက်ကုန်များကို စစ်ကိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ရာတွင်လည်းကောင်း ယခင်ကဲ့သို့ ကားလမ်းမှ တိုက်ရိုက်သယ်ယူခြင်း မပြုတော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကျော်သည့် ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က စစ်ကိုင်း-မန္တလေး ကုန်စည်စီးဆင်းမှုအတွက် စစ်ကိုင်းတံတားသစ် (ရတနာပုံတံတား) ကို အဓိကအသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင်...

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် ကလရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပန်စလိကျေးရွာမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၃၃) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၂၇)ဦးကိုလည်း လုပ် ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071