Thursday, June 25, 2026

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...
HomeNewsLocal Newsယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးကို တစ်ပိဿာ...

ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးကို တစ်ပိဿာ ၄၀၀၀ ကျပ်အဖြစ် သတ်မှတ်

စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးကို အပတ်စဉ် သတ်မှတ်ပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ရည်ညွှန်းဈေးကို တစ်ပိဿာ (၄၀၀၀) ကျပ်အဖြစ် သတ်မှတ်ထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယခုတစ်ပတ်အတွက် ထုတ်ပြန်ထားသည့် လက်ကားရည်ညွှန်းဈေးမှာ ယခင်တစ်ပတ်ကထက် ၁၄၀ ကျပ်ခန့် ကျဆင်းခဲ့သော်လည်း ပြင်ပဈေးကွက်အတွင်းရှိ စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်နေဆဲဖြစ်သည်။

လက်ရှိ ပြင်းပဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်အထိ စျေးမြင့်တက်လျက်ရှိနေပြီး ပြည်တွင်း နိုင်ငံခြားငွေဈေး မတည်ငြိမ်မှုသည် ဆီဈေးနှုန်း မြင့်တက်ရန် အကြောင်းအရင်းတစ်ခုအဖြစ် ရှိနေကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရခြင်းလည်းဖြစ်သည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကောမတီအနေဖြင့် ပြည်တွင်း စားအုန်းဆီဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်များ ဖြစ်ပေါ်စေရေးအတွက် ထိန်းညှိသည့်အနေဖြင့် အပတ်စဉ်ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ပေးနေခြင်းဖြစ်သည်။

ယင်းသို့သတ်မှတ်ရာတွင်လည်း စားအုန်းဆီအဓိကတင်သွင်းသည့် အင်ဒိုးနီးရှားနှင့် မလေးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ၊ ဘဏ်စရိတ်နှင့် အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်ကာ ပြည်တွင်း၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပေါက်ကြားမှုဖြစ်ပွား၊ ပင်မဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာများ ထိခိုက်မှုမရှိကြောင်း ဘဏ်ဘက်မှ ရှင်းလင်း

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ AYA Bank က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သုံးစွဲသူ ပြည်သူများထံသို့ တရားဝင် အသိပေးချက်တစ်ရပ် ထုတ်ပြန်ကာ ရှင်းလင်းပြောကြားထားသည်။ ဘဏ်၏ ထုတ်ပြန်ချက်အရ ပေါက်ကြားသွားသော အချက်အလက်များသည် ငွေကြေးဆိုင်ရာ မဟုတ်သည့် appပေါ်ရှိ အချက်အလက်အချို့သာ ဖြစ်ပြီး၊ လက်ရှိ အများပြည်သူ သုံးစွဲနေသည့် ပင်မဘဏ်စနစ်များနှင့်...

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည်ပင်ဥပဒေ (၂၀၁၈)အတိုင်းအရေးယူမည်ဟု တိုင်းအစိုးရအဖွဲ့ပြော

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိထိရောက်စွာဆက်လက်အ ရေးယူသွားမည်ဟု ပြောသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအ ဆီးများချထားခြင်းမရှိစေရန် မြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာပို မိုအောင်မြင်နိုင်မည်ဟု ပြောသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးလိုအပ်ချက်အရအတားအဆီးများချထားခဲ့သော်လည်း လက်ရှိအ ချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကိုစတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ် ရှားပြီးခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071