စတင်မိတ်ဆက်ပြီး နာရီပိုင်းအကြာမှာပဲ သုံးစွဲသူ ၁၀ သန်း ကျော်သွားပြီဖြစ်တဲ့ တွစ်တာ ပုံတူအက်ပ် Threads

0
240

ဝါရှင်တန်၊ ဇူလိုင် ၆

တွစ်တာ၏ ပြိုင်ဘက်အသစ်ဖြစ်သော သရဒ်စ် (Threads) သည် စတင်မိတ်ဆက်ပြီးနောက် နာရီပိုင်းအနည်းငယ်အတွင်း သုံးစွဲသူ ၁၀ သန်း ကျော်သွားပြီဖြစ်ကြောင်း ၎င်းမိခင်ကုမ္ပဏီဖြစ်သည့် မက်တာ၏ စီအီးအို မတ် ဇူကာဘတ်က ဇူလိုင်လ ၆ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ပမာဏကို ကြည့်ခြင်းဖြင့် အင်စတာဂရမ်၏ အက်ပ်အခွဲ သရဒ်စ်သည် အီလွန်မတ်စ်ပိုင် တွစ်တာ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ချေ ရှိနေသည်။ အထူးသဖြင့် တွစ်တာသည် မတ်စ်၏ ကန့်သတ်ချက်အသစ်များကြောင့် ဝေဖန်ခံ နေရချိန်ဖြစ်သည်။

သရဒ်စ် အက်ပ်ကို ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ၌ တိုက်ရိုက် မိတ်ဆက်ခဲ့သည်။

“၇ နာရီအတွင်း သုံးစွဲသူ ၁၀သန်း ရှိသွားပါပြီ” ဟု ဇူကာဘတ်က သူ၏ တရားဝင် သရဒ်စ် အကောင့်ပေါ်တွင် ရေးသားလာခဲ့သည်။

လက်ရှိအချိန်တွင် သရဒ်စ်အား နာမည်ကျော် ဆယ်လီများဖြစ်သော ဂျန်နီဖာ လို ပေး၊ ရှကီရာ၊ ဂျွန်ဂျုံးစ်နှင့် ဟျူ ဂျက်မန်း တို့က အကောင့်ဖွင့် အသုံးပြုနေပြီဖြစ်သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here