Looking for something?

Explore the website

Looking for something?

Saturday, May 31, 2025

မန္တလေး ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်အကြိမ်ရေ...

ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင်...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင်...

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့်...

China-Asean Cup 2025 ပြိုင်ပွဲအတွက်...

China-Asean Cup 2025 ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့သည်ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံကသိရသည်။ အဆိုပါ ပြိုင်ပွဲအား...
HomeNewsLocal Newsယခုနှစ် မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧက...

ယခုနှစ် မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧက ၅၉၂၁၁ ဧကသတ်မှတ်ထား

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးဦးရာသီတွင် ပဲတီစိမ်းလျာထားစိုက်ဧကမှာ ၅၉၂၁၁ ဧက သတ်မှတ်ထားပြီး ဇွန်လ၊ တတိယအပတ်အထိ ဧက (၃၀၀၀၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲတီစိမ်းသည် ပူနွေးခြောက်သွေ့သော ရာသီဥတုကို နှစ်သက်ပြီး အပူချိန် ၃၀ မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသော ဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရာ နှစ်စဥ်မိုးရေချိန် ၃၀ လက်မမှ ၃၆ လက်မအတွင်းရှိသော ဒေသများတွင် စိုက်ပျိုးနိုင်ကြောင်းနှင့် ဆားပေါက်သောမြေများမှ လွဲ၍ ကျန်သောမြေအားလုံးတွင် စိုက်ပျိုးနိုင်ရာ အထူးသဖြင့် စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေများတွင် ပို၍စိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မြန်မာပြည်အထက်ပိုင်း ဒေသများတွင် မိုးကြိုရာသီစိုက်ပျိုးရာ၌ ဖေဖော်ဝါရီ လလယ်မှ မတ်လလယ်အတွင်း လည်းကောင်း၊ မိုးရာသီ စိုက်ပျိုးရာ၌ မေလလယ်မှ သြဂုတ်လလယ်အတွင်း လည်းကောင်း စိုက်ပျိုးကြကြောင်းနှင့် မြန်မာပြည်အောက်ပိုင်း ဒေသများတွင် ပဲတီစိမ်းကို စပါးရိတ်သိမ်းပြီးချိန်၌ သီးထပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာအတွင်း စိုက်ပျိုးလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် အောင်လံမြို့၌ မိုးဦးကာလစောခဲ့၍ ပဲစိုက်တောင်သူများအနေဖြင့် မေလ၊ ပထမအပတ်တွင် စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သီးနှံပေါ်ချိန်တွင် ပုံမှန်ထက် တစ်လစော၍ ထွက်ရှိပြီး ဇူလိုင်လတွင် ‌ဈေးကွက်အတွင်း စတင်ရောက်ရှိလာသောဈေးနှုန်းမှာ ပိဿာ( ၂၀) ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)ဖြင့် အရည်အသွေးအလိုက် အရောင်းအဝယ်စတင်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များက ဝယ်ယူမှုများခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 

ထို့ပြင် ဩဂုတ်လတွင် ကျပ် (၄၄၀၀၀)မှ ကျပ် (၉၅၁၀၀၀) အတွင်း မန္တလေးဝယ်လက်များမှာ ပိုမိုဝယ်ယူမှုရှိပြီး ရန်ကုန်ဝယ်လက်မှာမူ ပုံမှန်အတိုင်းသာအဝယ်ရှိခဲ့ကြောင်း၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ပိဿာ (၂၀)ဝင် (၁)တင်းလျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၅၀၀၀၀)အထိ ဈေးဖွင့်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ပိဿာ(၂၀)ဝင် (၁)တင်းလျှင် ကျပ်(၅၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်အကြိမ်ရေ (၂၀၀)နီးပါး လှုပ်ခတ်ထား

ပြီးခဲ့သော မတ်(၂၈)ရက်က စတင်လှုပ်ခတ်ခဲ့သည့် အင်အား (၇.၇) ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ယနေ့ မေလ (၃၀) ရက် အထိ ပြည်တွင်းနေရာစုံတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု (၁၈၄)ကြိမ် ရှိလာခဲ့ပြီဖြစ်သည်။ ယခု မေလတစ်လတည်းအတွင်း၌ပင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ကြိမ်ရေပေါင်း (၃၃) ကြိမ်ရှိနေပြီး တစ်ရက်တည်းတွင် (၃) ကြိမ်လှုပ်ခတ်မှုအထိ ရှိသည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။ ယနေ့ မေလ (၃၀) ရက်တွင်လည်း သံတောင်ကြီးမြို့၏ အနောက်မြောက်ဘက် (၁၀)...

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့်ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားပျက်စီးဆုံးရှုံးမှုများသည် အလွန်ကြီးမားခဲ့ကာ တွက်ချက်ထားမှုအရ ငွေကျပ်(၃၆၂၉ ဒသမ ၂၀၈)ဘီလီယံရှိခဲ့ပြီး ယခုအချိန်၌ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးငလျင်ကြီးသည် မိမိတို့မြန်မာနိုင်ငံသားများ မည်မျှအထိကြံ့ကြံခံနိုင်ရည်ရှိကြသလဲ၊ မိမိတို့၏အခြေခံအဆောက်အအုံများ မည်မျှအထိခိုင်ခံသလဲ၊ မိမိတို့၏အဖွဲ့အစည်းများ မည်မျှအား ကောင်းသလဲဆိုသည်ကို စမ်းသပ်လိုက်ခြင်းဖြစ် သည်ဟု ပြောသည်။ " ကျွန်တော်တို့ ဘယ်လောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို ရေတွက်ဝမ်းနည်းနေကြဖို့ထက်...

အမြန်လမ်း မိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုတွင် ကွယ်လွန်သူ မြန်မာအလုပ်သမား(၄)ဦးနစ်နာကြေး ဘတ် (၁)သန်းဆီရ

ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ (၂၁) မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှုကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး နိုဝင်ဘာ (၂၄)ရက်က ထိခိုက်‌ေ-သဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သူ မြန်မာနိုင်ငံသား အလုပ်သမားများကို မြန်မာသံရုံးမှ နစ်နာကြေးရအောင် ဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက် သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုခဲ့ကြသည်။ ယနေ့ မေလ (၃၀)ရက် ထိုင်းနိုင်ငံ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071