ဟောင်ကောင် – အမေရိကန်‌ပေါ့ပ်အဆိုတော် Coco Lee အသက် ၄၈ နှစ်အရွယ်၌ကွယ်လွန်

0
199

စင်္ကာပူ၊ဇူလိုင် ၅

ထင်ရှားသည့် ဟောင်ကောင် – အမေရိကန် ပေါ့ပ်အဆိုကျော် Coco Lee သည် မိမိကိုယ်ကိုယ်မိမိအဆုံးစီရင်ရန်ကြိုးပမ်းပြီးနောက် ဇူလိုင်လ ၅ ရက်နေ့တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိရသည်။

Coco Lee ၏အစ်မများဖြစ်သည့် နန်စီနှင့်ကာရိုတို့ကမူ အသက် ၄၈ နှစ်အရွယ်ရှိသည့် Coco Lee သည် စိတ်ကျရောဂါခံစားနေရပြီး တနင်္ဂနွေနေ့က မိမိကိုယ်ကိုယ်မိမိအဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။

Coco Lee သည် ၁၉၉၀ ပြည့်နှစ်မှစကာ ဂီတလောကသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်သည် ၎င်း၏ဂီတသက်တမ်းနှစ် ၃၀ ပြည့်သည့်နှစ်လည်းဖြစ်သည်။

Coco Lee ၏ပေါ့ပ်သီချင်းများသည် မြန်မာပရိသတ်များကြား၌လည်း ရေပမ်းစားခဲ့ပြီး မြန်မာတေးသံရှင်များကလည်း မြန်မာမှုပြုကာ ပြန်လည်သီဆိုခဲ့ကြသဖြင့်ကျော်ကြားသည်။

မစ္စ Coco Lee သည် Disney ၏နာမည်ကြီးရုပ်ရှင် Mulan ၌လည်း တရုတ်ဘာသာဖြင့်နောက်ခံတေးသီချင်း “Reflection” အားသီဆိုခဲ့သူဖြစ်သည့်အပြင် ၂၀၀၁ ခုနှစ်၏အော်စကာဆုရ Crouching Tiger, Hidden Dragon ၏ “A Love Before Time” ဇာတ်ဝင်တေးအားသီဆိုသူလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here