မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံ ရှမ်းပြည်နယ်တွင် တည်ဆောက်ထား

0
156

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် တောင်သူများစုပေါင်း၍ မြန်မာ့ပထမဆုံးထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို တည်ဆောက်ထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အဆိုပါ စက်ရုံကိုပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စက်ပစ္စည်းများ တပ်ဆင်ရန် ပညာရှင်များနှင့် ဆွေးနွေးနေကြောင်းနှင့် လက်ရှိအချိန်အထိ စက်ရုံတည်ဆောက်မှုအတွက် ငွေကျပ် သိန်း ၆၀၀၀ နီးပါး ကုန်ကျခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံသည် ပြည်ပသို့ export တင်ပို့မည်ဆိုပါက မရှိမဖြစ်လိုအပ်ပြီး တန်ချိန်များများ ထုတ်လုပ်နိုင်သည့်အပြင် ဈေးကောင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

မြန်မာ့ ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံပြီးစီးပါက တစ်ရက်လျှင် တန်ချိန် (၅၀) မှ (၁၀၀) ကြား ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ပြည်ပဈေးကွက်သို့ မြန်မာ့ထောပတ်သီး တင်ပို့မှုတွင် နယ်စပ်ကုန်သွယ်မှုအပြင် ပင်လယ်ရေကြောင်းဖြစ်သည့် တရားဝင်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိကာ အိန္ဒိယ၊ ဒူဘိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here