Monday, May 25, 2026

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း...

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန် နိုင်ငံအချို့ကို...

ပြီးခဲ့သည့် စနေနေ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ပူးတွဲဆွေးနွေးမှု ပြုလုပ်စဉ် ဝါရှင်တန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက အစ္စရေးနှင့်...

ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ...
HomeNewsLocal Newsညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံနှင့် အင်းစိန်ဖော့ကန်ဈေးအနီးမှ သိန်း...

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံနှင့် အင်းစိန်ဖော့ကန်ဈေးအနီးမှ သိန်း (၇) ထောင်ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံနှင့် အင်းစိန်မြို့နယ် ဖော့ကန်ဈေးအနီးတွင် ငွေကျပ်သိန်း ၆၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၈ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ် ၊ ဖော့ကန်ဈေးအနီးတွင် ငြိမ်းချမ်းအောင်(ခ) တူးတူးအား ရေခဲဖော့ပုံးနှင့် အတူတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(ခ)တူးတူးနှင့်အတူတွေ့ရသည့် ရေခဲဖော့ပုံးများအား စစ်ဆေးခဲ့ရာ ဖော့ပုံးများအတွင်းမှ စိတ်ကြွဆေးပြား ၁ ဒသမ ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ ယင်းစိတ်ကြွဆေးပြားများအား မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးခြံရှိ စိုင်းဇော်မင်းဦး(ခ)ကိုစိုင်းထံမှ ရရှိကြောင်း ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် အဆောက်အဦအား ညနေ (၅) နာရီ၌ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အဆောက်အဦအတွင်းမှ စိတ်ကြွဆေးပြား ၅ ဒသမ ၃ သိန်းပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ(၂) ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေကျင်းမြို့၌ “တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ် ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ”ဖွင့်လှစ်  မြန်မာသံအမတ်ကြီးက ဖွံ့ဖြိုးတိုးတက်သောဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်လျက်ရှိဟုပြောကြားခဲ့

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ"ကို မေ ၂၄ ရက်ကဖွင့်လှစ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၏ သံအမတ်ကြီးဦးဇော်ဝင်းမြင့်မှ တရုတ်နိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန် ကြီးဌာန၏ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ယခုဖွင့်လှစ်သည့် စင်တာအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်ချမှတ်ခဲ့သော မဟာဗျူဟာမြောက်မျှော်မှန်းချက်ကိုအကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ပြောသည်။ စင်တာသည် နည်းပညာတိုးတက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် တွန်းအားတစ်ရပ်အဖြစ်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခုကိုမျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။ စင်တာဖွင့်ပွဲတွင် တရုတ်နိုင်ငံ၊ စက်မှုနှင့်သတင်းအ...

မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း သပ်စစ်ဆေးပေး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ‌AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကလည်း လာရောက်ကုသမှုခံယူသူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၂၄ ရက်တွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာ...

အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ထူ‌ထောင်ရန် နိုင်ငံအချို့ကို ထရမ့် တိုက်တွန်း

ပြီးခဲ့သည့် စနေနေ့က အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် ပါကစ္စတန်ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ပူးတွဲဆွေးနွေးမှု ပြုလုပ်စဉ် ဝါရှင်တန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပါက အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန်အတွက် အေဘရာဟမ် သဘောတူညီချက် (Abraham Accords)တွင် ပါဝင်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ကြောင်း Axios သတင်းဌာနက အမေရိကန်အရာရှိ နှစ်ဦးကို ကိုးကား၍ ဖော်ပြချက်အရသိရသည်။ အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ မေလ ၂၃ ရက်က ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာ၊ ယူအေအီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071