Monday, December 15, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeNewsLocal Newsနှစ်လအတွင်း မြ၀တီကုန်သွယ်ရေးဇုန်မှ ပို့ကုန်၊သွင်းကုန်...

နှစ်လအတွင်း မြ၀တီကုန်သွယ်ရေးဇုန်မှ ပို့ကုန်၊သွင်းကုန် သန်း ၃၀၀ နီးပါး ကုန်သွယ်မှုပြုလုပ်ထား

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ဧပြီလ ၁ရက်မှ မေလ ၂၉ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ (၈၆ ဒသမ ၂၉၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၉၃ ဒသမ ၀၃၅)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂၇၉ ဒသမ ၃၂၈) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပိုမှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ကို တင်သွင်းလျက်ရှိကြောင်း စီးပွားကူးသန်း၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမှာပါ။ မြဝတီဒေသမှာမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းသွားမယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေးမှာ ရှေးနှစ်ပေါင်းများစွာကပင်ရှိခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071