Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeMusicခိုးကူးခွေကြောင့် ကျဆင်းနေတဲ့ ဂီတလောကရဲ့ဝင်ငွေတွေက...

ခိုးကူးခွေကြောင့် ကျဆင်းနေတဲ့ ဂီတလောကရဲ့ဝင်ငွေတွေက KTV ဆိုင်တွေကနေ ပြန်ရလာနိုင်စရာရှိပါတယ် မြင့်မိုးအောင်

myint-moe-aung

မြန်မာနိုင်ငံ အနုပညာဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်ခံရမှု ကာကွယ်တားဆီးရေးပူးပေါင်းကော်မတီ အနေနဲ့ ခိုးကူးခွေများတိုက်ဖျက်ရေး နဲ့ ပပျောက်ရေးကို တစ်ဖက်မှာ ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း Digital Sales တွေနဲ့ ပတ်သက်တဲ့ တကယ်အကျိုးရှိစေမယ့် လမ်းကြောင်းတွေကို ဆောင်ရွက်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း New Media (ဆန်းသစ်တိုးတက်မှုနည်းပညာ) အနုပညာမူပိုင်ခွင့် ဖော်ဆောင်ရေးအဖွဲ့မှ ဦးမြင့်မိုးအောင်ကပြောပါတယ်။

” ကျွန်တော်တို့အဖွဲ့အနေနဲ့ New Media ဆိုတဲ့ နေရာမှာ ပါဝင်တဲ့အရာတွေက ဥပမာဆိုရင် အွန်လိုင်းမှာဖြန့်ချိနေကြတဲ့ တချို့ကလည်း သူတို့ တစ်ကိုယ်ရေ တစ်ကာယဖြန့်ချိနေကြတာတွေ ရှိသလို၊ တချို့ကလည်း အလုံးအရင်း နဲ့ အများကြီးဖြန့်ချိနေတာ တွေရှိပါတယ်။ ကျွန်တော်တို့ အခုပူးပေါင်း ကော်မတီ မှာပါတဲ့ အဖွဲ့တွေအကုန်လုံးရင်ဆိုင်နေရတဲ့ ပြဿနာက ရုပ်ရှင်ဇာတ်ကားတစ်ကားက ရုံမှာတင်နေတုန်းပဲရှိသေးတယ်။ အွန်လိုင်းပေါ်မှာရောက်သွားပြီ။ ဒီလိုပဲသဘင်ကဒီနေ့ဇာတ်တစ် ဇာတ်ကိုကနေတယ်။ နောက်တစ်လကျရင် တစ်နိုင်ငံလုံးကို လှည့်ကရမယ်။ အဲဒီဇာတ်က အဲဒီနေ့မှာပဲထွက်ပါပြီ။ သူနယ်ကိုရောက်တဲ့အခါအဲဒီဇာတ်ကအဟောင်းဖြစ်နေပြီ။ အဲဒီလိုပဲ ဂီတနဲ့ပတ်သက်တဲ့ ကျွန်တော်တို့သီချင်းတွေလည်း Yout Tube မှာရှာမလား၊ ကြိုက်သလောက် နေရာစုံမှာ အလွယ်တကူရှာလို့ရနေပါတယ်။ ဒီလိုပဲရုပ်မြင်သံကြားမှာထုတ်လွှင့်တဲ့ ဂီတအစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့ တစ်ခါတလေရုပ်မြင်သံကြားနဲ့ ချန်နယ်တွေအနေနဲ့ တစ်ရက်ထုတ် လွှင့်ဖို့ပဲသဘောတူညီထားတာရှိတယ်။ တီဗီမှာပဲလွှင့်ဖို့ပေါ့။ ဒါပေမဲ့ အဲဒါကိုအချပ်အဖြစ် ဖြန့်လိုက်ပြီး အွန်လိုင်းပေါ်ရောက်သွား ပြီး တစ်ပြိုင်နက်တည်းနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုတွေကို ကြုံရတဲ့အခါမှာ ထုတ်လွှင့်တဲ့ ချန်နယ်တွေအနေနဲ့လည်း တာဝန်ရှိသလိုမျိုး ဖြစ်လာရတယ်။ အဲဒီလိုပဲကျွန်တော်တို့ရဲ့ သီချင်းတွေက အွန်လိုင်းမှာ ပျံ့နှံ့ပြီးတော့ အလွယ်တကူပဲ ချိုးဖောက်ခံနေရတာတွေ အများကြီးပေါ့။ ကျွန်တော်တို့ ပြည်သူလူထုမှာလည်း အပြစ်မရှိတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် သူတို့မှာအလွယ်တကူ ခံစားနိုင်ဖို့ဆိုတဲ့ ရည် ရွယ်ချက်ရှိပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်ဆိုရင်တောင် နိုင်ငံတကာက သီချင်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားလို့ ကျွန်တော်က လုပ်ငန်းအတွက်လည်း လိုအပ်လို့ သီချင်းတွေနားထောင် ချင်တယ်ဆိုရင် အရင်တုန်းကဆိုရင် အချပ်တွေကိုမရှာနိုင်ဘူး။ မူလအချပ်တွေဆိုရင် ၂သောင်းလောက်တောင် ရှိတယ်။ အဲဒါတွေကို အလွယ်တကူဖြစ်ဖို့ဆိုပြီး လမ်းကြောင်းတစ်ခုပြောင်းလာပါတယ်။ Apple Music မှာ သီချင်းကိုရောင်းတယ်။ ရောင်းတဲ့အခါမှာ သီချင်းတစ်ပုဒ်ကို မြန်မာငွေ ၁ထောင်လောက်နဲ့ ရောင်းတယ်။ တစ်လတစ်လမှာ ကျွန်တော့်ရဲ့လုပ်ငန်းလိုအပ်ချက်အရ နားထောင်ချင်တာကို နားထောင်ဖို့ဝယ်မယ်ဆိုရင် ၃ သိန်း၊ ၄သိန်းလောက်ကုန်မယ့်သဘောရှိတယ်။ အဲဒီတော့ သူတို့နိုင်ငံမှာလည်း နည်းပညာအသစ်ကစတဲ့အချိန်မှာတော့ ပြည်သူလူထုနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ဒါပေမဲ့ မကြာခင်ကပဲ Apple Music ကတစ်လလုံးမှာမှ တစ်သောင်းပတ်ဝန်းကျင်လောက်ပဲသွင်းရတော့တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကြိုက်တဲ့သီချင်းကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို နားထောင်လို့ရတဲ့စနစ်ကို ပြောင်းလဲပေးလိုက်ပါတယ်။ ဒါမှပဲ ပြည်သူလူထုအတွက်က အဆင်ပြေမှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ အခု ဖြန့်ချိရောင်းချနေကြတဲ့ ဈေးနှုန်းတွေကပြည်သူလူထုတွေ လိုက်ပြီးတော့ခံစား နိုင်ရမယ့် ဈေးနှုန်းမျိုးလည်းဖြစ်လာဖို့ ဖြန့်ချိရေးလမ်း ကြောင်း သစ်တွေလိုပါတယ်” လို့ ပြောပါတယ်။

သီချင်းတိုင်းကို တစ်လမှာ ၃ ထောင်နဲ့ကြိုက်တဲ့ သီချင်းကို နားထောင်လို့ရတဲ့စနစ်ဖြစ်ပေါ်လာလို့ရှိရင် ပြည်သူလူထုအတွက်လည်း အကျိုးရှိသလို အနုပညာ ရှင်တွေအတွက်လည်း အကျိုးရှိမယ့်လမ်းကြောင်းတွေ ဖြစ်လာမှာပါလို့ ဆက်လက်ပြောလာတဲ့ ဦးမြင့်မိုးအောင်က…

” အဲဒီလို လမ်းကြောင်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲဒီလို ရည်ရွယ်တဲ့အခါမှာ ကျွန်တော်တို့လုပ်ရမယ့်အရာတွေကများပါတယ်။ ကျွန်တော်တို့က ခိုးကူးခွေအချပ်တွေကိုလိုက်ပြီးတော့ ဖမ်းဆီးတယ်။ တကယ်တော့ခိုးကူးချပ်အားလုံးပါဝင် တဲ့ ခိုးကူးစက်ကြီးနဲ့ သီဆိုလုပ်ကိုင် စားသောက်နေကြတဲ့ KTV ဆိုင်တွေကျတော့ ကျွန်တော်တို့က မေ့ထားသလိုမျိုးဖြစ်ပါတယ်။ KTV ဆိုင်တွေဆိုရင်ဖွင့်တဲ့ လုပ်ငန်းရှင်တွေကလည်း တကယ့်စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ သွားပြီးတော့ ခံစားသုံးဆောင်နေကြတဲ့သူတွေကလည်း တတ်နိုင်တဲ့ သူတွေများပါတယ်။ အဲဒီလိုနေရာမှာ သူတို့အသုံးပြုနေကြတဲ့ပစ္စည်းက အခမဲ့ ဖြစ်နေပါတယ်။ သူတို့ကို လိုင်စင်ထုတ်ပေးတာဆိုရင် မြန်မာနိုင်ငံဂီတအစည်းအရုံးနဲ့ ဗီဒီယိုစိစစ်ကြီးကြပ်အဖွဲ့က လိုင်စင်ထုတ်ပေးတာပါ။ အဲဒီတော့ သူတို့ကို ထိန်းချုပ်ဖို့က လွယ်ကူပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းတွေကိုလည်း သူတို့တရားဝင်ဖြစ်ဖို့ဆိုရင် သူတို့ဘက်က လိုက်နာပေးရမယ့် ပမာဏလည်း နည်းပါတယ်၊ လွယ်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို ကျွန်တော်တို့က အလျင်အမြန်ဖော်ဆောင် ပေးမယ်ဆိုရင် ခိုးကူးခွေကြောင့် ကျဆင်းနေတဲ့ ဂီတလောကရဲ့ဝင်ငွေတွေက KTV ဆိုင်တွေကနေ ပြန်ရလာနိုင်စရာရှိပါတယ်။ ပြီးတော့ အခုအွန်လိုင်းမှာ ရုပ်ရှင်တွေဖြန့်ကြတယ်။ သီချင်းတွေဖြန့် နေကြတဲ့သူတွေရှိတယ်။ ဒီလူတွေလည်း စနစ်တကျတရားဝင်နဲ့လုပ်ဆောင်မယ်ဆိုရင် သူတို့လည်းအကျိုးရှိမယ်။ ကျွန်တော်တို့ အနုပညာမူပိုင်ခွင့် ပိုင်ရှင်တွေလည်း အကျိုးရှိမယ့် လမ်းကြောင်းတွေကိုရလာမှာပါ။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးတော့ လုပ်ဆောင်သွားပါမယ်” လို့ ဦးမြင့်မိုးအောင်က အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071