Sunday, June 15, 2025

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉...

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည်...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ်...

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့်...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း...

အဲရ်အိန္ဒိယ လေယာဉ်ပျက်ကျမှု သေဆုံးသူ ၂၇၀...

   အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဥ်အမှတ် ၁၇၁ ပျက်ကျခဲ့၍ သေဆုံးသူမှာ ၂၇၀ ဦးထက်မနည်းရှိလာကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။         ကြာသပတေးနေ့က အာမက်ဒါဘတ်မှ လန်ဒန်...
HomeInternationalရည်းစားဟောင်းရဲ့ ချစ်သူကပို့လိုက်တဲ့ချောကလက်ကို စားမိလို့...

ရည်းစားဟောင်းရဲ့ ချစ်သူကပို့လိုက်တဲ့ချောကလက်ကို စားမိလို့ အသက်ဆုံးရတဲ့အမျိုးသမီး

ဘရာဇီးနိုင်ငံက အမျိုးသမီး တစ်ယောက်ဟာ မွေးနေ့မှာ ရည်းစားဟောင်းရဲ့ သဝန်ကြောင်တဲ့ ချစ်သူက ပို့လိုက်တဲ့ အဆိပ်ခတ်ထားတဲ့ ချောကလက်ကို စားလိုက်မိရာမှ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ လင်ဒါချီ ဗီရဲဂတ်စ် ဆိုသူဟာ မေလ ၂၁ ရက်နေ့မှာ သူ့ရဲ့ ၅၄ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့တယ်။ အဲဒီနေ့မှာပဲ လင်ဒါချီ ဆီ ဘယ်သူ့ပို့လိုက်မှန်း မသိတဲ့ ချောကလက်ဘူးနဲ့ ပန်းစည်း တစ်စည်း ရောက်လာတယ်။ အဲဒီတော့ ဘယ်သူပို့တာလဲ သိရအောင် အသိမိတ်ဆွေတွေဆီ ဖုန်းလှမ်းဆက်ကြည့်တော့ ရည်းစားဟောင်းက ပို့တာမှန်း သိလိုက်ရတယ်။ စိတ်ချသွားတဲ့ လင်ဒါချီဟာ ချောကလက်တွေကို စားလိုက်ပြီး ဆံပင်အလှပြင်ဆိုင်ဆီ သွားခဲ့တယ်။

ဆံပင်ပြင်ပြီး ဆိုင်ထဲက အထွက်နားမှာပဲ လင်ဒါချီဟာ ရုတ်တရတ် လဲကျသွားပြီး လေသင်တုန်းဖြတ်သွားခဲ့တယ်။ သက်ဆိုင်ရာတွေ ရောက်လာပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လင်ဒါချီတစ်ယောက် ဆေးမမီဘဲ အသက်ဆုံးရှုံးသွားခဲ့တယ်။ အလောင်းခွဲစိတ်မှု ရလဒ်တွေအရ အဆိပ်သင့်မှန်း သိလိုက်ရတော့ စုံစမ်းစစ်ဆေးသူတွေဟာ ချောကလက် ပို့ခိုင်းတဲ့ လူကို လိုက်ရှာကြတယ်။

အကုန်လုံးက တရားခံဟာ လင်ဒါချီရဲ့ ရည်းစားဟောင်း မာရီယို ဆာဂျီယို ဂရာတီတယ် လ်ို့ထင်ကြပြီး သူ့ကိုဖမ်းဆီးခဲ့ကြပေမယ့် ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးကြည့်လိုက်မှ တရားခံဟာ မာရီယိုရဲ့ ချစ်သူ ဆူဇာနီ မာကျင်စ် ဒါ ဆေးလ်ဗား ဖြစ်နေမှန်း သိလိုက်ရတယ်။

ဖြစ်ချင်တော့ လင်ဒါချီနဲ့ မာရီယို တို့ဟာ လမ်းခွဲပြီးနောက်ပိုင်း သူငယ်ချင်းအနေနဲ့ အဆက်အသွယ်တွေ လုပ်ဖြစ်ခဲ့ကြတယ်။ ဒါကို ဆူဇာနီက သိသွားတော့ ပြဿနာ စရှာလာတော့တယ်။ မကြာခဏ ရန်ရှာတဲ့ဒဏ်ကို မခံနိုင်တဲ့ မာရီယိုဟာ နောက်ဆုံးမှာတော့ ဆူဇာနီနဲ့ လမ်းခွဲလိုက်တယ်။ အဲဒီနောက်တော့ ဆူဇာနီက အခုလိုမျိုး လမ်းခွဲရတာဟာ လင်ဒါချီ ကြောင့်ဆိုပြီး အဆိပ်ခတ်ထားတဲ့ ချောကလက်ကို လင်ဒါချီရဲ့ မွေးနေ့အရောက်မှာ မာရီယို ပို့လိုက်တဲ့ ပုံစံမျိုး လုပ်ပြီး လက်စားချေခဲ့တယ်။

တရားခံကို ဆူဇာနီ မှန်း သိလိုက်ရတာက လင်ဒါချီဆီ ချောကလက် ပို့ပေးတဲ့ ပစ္စည်းပို့သမားရဲ့ ဝန်ခံချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ ဆူဇာနီ ဟာ ဖမ်းဆီးခံရထားရပြီး လူသတ်မှုနဲ့ တရားရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။

Source: OddityCentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနက်ဖြန် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ကစားမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်းအသင်း လေ့ကျင့်ပြင်ဆင်

အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဥ်အတွင်း ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူ-၁၉ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းအသင်းသည် မြန်မာအသင်းအတွက် ပြိုင်ဘက်ကောင်းအသင်း တစ်သင်းဖြစ်သည့်အတွက် ဂရုစိုက်ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအနေဖြင့် နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကာထိုင်းအသင်းဖြင့် ထိပ်တို-က်တွေ့ဆုံကြခြင်းဖြစ်သည်။ ထိုင်း-မြန်မာ ဆီမီးဖိုင်နယ်ပွဲစဥ်ကို မနက်ဖြန် ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်၌ အိမ်ရှင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆...

အမြန်လမ်းတွင် ကုန်တင်ကားနှစ်စီးတို-က် (၁)ဦး‌ေ-သဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇွန် ၁၅ ရက်နံနက် ၅ နာရီခန့်က ကုန်တင်ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၉၇/၀ နှင့် ၁၉၇/၁ ကြားတွင် ရှေ့မှကုန်တင်ကားအား နောက်မှလိုက်ပါလာသည့် ကုန်တင်ကားမှဝင်တို-က်မိခဲ့ပြီး ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ ည-ပ်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီးဖြစ်စဥ်ကြောင့် ‌ေ-သဆုံးသူတစ်ဦးနှင့် ထိခို-က်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသူတစ်ဦးတို့အား နေပြည်တော်ကုတင်(၁,၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ စုကြီးရပ်ကွက်ရှိ နေအိမ်များတွင် လူနေထိုင်ခွင့် ပြန်လည်ခွင့်ပြု

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် ရွှေသာလျောင်းတောင်ပေါ်၌ ရှိသည့် ကျောက်သေတ္တာခေါ် ကျောက်တုံးကြီး၏ ပြိုကျနိုင်သည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့နေသူထိုင်ခဲ့ရသူများကို ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အန္တရာယ်ကြောင့် နေအိမ် (၇) လုံးနှင့် သစ္စာမြိုင်စာသင်တိုက်ကိုတော့ ပြောင်းရွှေ့ရန် ခွင့်မပြုထားကြောင်း သိရသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး ပြိုကျနိုင်ရန် ရာခိုင်နှုန်းများခဲ့သောကြောင့် အနီးနားရှိ မြို့ခံများ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘူမိဗေဒတိုင်းတာရေးလုပ်ငန်းများအပြင် နည်းပညာများ အသုံးပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071