မြန်မာပြည်သိန်းတန်နဲ့ အတူ စုံတွဲစီးရီး ထွက်ရှိမယ့် ဟေမာနေဝင်း

0
198

  dsc_0274-copy

စင်မြင့်ဖျော်ဖြေပွဲတွေမှာ မတွေ့မြင်ရတာကြာပြီဖြစ်တဲ့ ဟေမာနေဝင်းက တူးတူး၊ ချစ် ကောင်း၊ ကော်နီတို့နဲ့အတူ ဂီတဖျော်ဖြေပွဲတစ်ခု ဖျော်ဖြေတော့မှာ ဖြစ်ပါ တယ်။ စင်မြင့်ဖျော်ဖြေပွဲတွေမှာ သီဆိုဖျော်ဖြေတာ သိပ်မတွေ့ရတဲ့အပေါ်မှာလည်း ဟေမာနေဝင်းကို မေးတော့..

“တခြားဘာအကြောင်းမှ မရှိပါဘူး။ စတိတ်ပေါ်တက်ရတယ်ဆိုတာ ဘာပဲပြောပြော အတန်းရှင်း ရှိတယ်။ အဲဒါမျိုး မဖြစ်ချင်လို့။စီစဉ်ရမယ့်အပိုင်းတွေ ဘာတွေရှိတာကြောင့် သိပ်မဆိုဖြစ်တာပါ။ စင်ပေါ်မှာဆိုတယ်ဆိုတာ ပေါ့ပေါ့တန်တန်ဆိုလို့ရတဲ့ ကိစ္စမဟုတ် တော့ သေချာပြင်ဆင်ချင်တဲ့သဘောပါ။ သတ်သတ် Recording ဝင်တာတော့ ရှိပါတယ်” ဆိုတဲ့ ဟေမာ နေဝင်းက မြန်မာပြည်သိန်းတန်နဲ့လည်း စုံတွဲစီးရီးတစ်ခွေထွက်လာဖို့ရှိတယ်လို့ သိရ ပါတယ်။

“ဦးသိန်းတန် စီစဉ်တာပေါ့နော်။ အားလုံးပြီးသွားပြီ။ သီချင်းကတော့ ဦးသိန်း တန်ရွေးထားတဲ့ သီချင်းအဟောင်းလေး တွေပါပဲ။ အဲဒါက CD  ရော၊ DVD ရော တစ်ခါတည်း ထွက်ရှိမှာဆိုတော့ DVD ရိုက်ကူးဖို့ အပိုင်းလေးတွေပဲ ကျန် ပါတော့တယ်” လို့ ဟေမာနေဝင်းက ပြောပါတယ်။

“သွင်းလက်စ ကော်ပီခွေ တစ် ခွေတော့ရှိတယ်။ ဒါပေမဲ့ Copy Right  တွေ ဘာတွေနဲ့ဆိုတော့ မကျိန်းသေသေးဘူး။ စီးရီးခွေသစ် ထွက်ရှိနိုင်ဖို့ကိုတော့ ကြိုးစားနေ ပါတယ်လို့ပဲ ပြောချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။ ဟေမာနေဝင်းက သူမကို တစ်ကိုယ်တော် အမှတ်တရ ပွဲပြုလုပ်ဖို့ ကမ်းလှမ်းတာ တွေ ရှိပေမယ့် သူ့ဘက်က အဆင်သင့် မဖြစ်သေးတာ ကြောင့် မလုပ်ဖြစ်သေးဘူးလို့ လည်း သိရပါတယ်။

“ပြောကြတာတော့ ရှိ တယ်။ ဒါပေမဲ့ လောလော ဆယ်တော့ မလုပ်ဖြစ်သေးဘူး။ ပွဲကို ပေါ့ပေါ့တန်တန်လည်း မလုပ်ချင်တော့ ကိုယ့်ဘက်က ပြင်ဆင်ရမယ့်အပို င်းတွေ အဆင် သင့် မဖြစ်သေးတာပါ။ တစ်ကိုယ် တော်ဆိုတော့ ပိုပြီးလည်း တာဝန်ကြီး တယ်”လို့ ဟေမာနေဝင်းက ပြော ပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here