ဘီလာရုစ်၌ နျူလက်နက်များ ဖြန့်ကျက်ချထားရေး သဘောတူညီချက်ကို ရုရှားလက်မှတ် ရေးထိုး

0
211

မော်စကိုနှင့် မင့်စ်တို့သည် ဘီလာရုစ်ပိုင်နက်တွင် ရုရှား၏နျူကလီးယား ဒုံးကျည်များ ဖြန့်ကျက်ချထားရေး သဘောတူစာချုပ်ကို မေလ ၂၅ ရက် ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရုရှားဘက်ကမူ အနောက်အုပ်စုနှင့် တင်းမာမှုများ မြင့်တက်လာသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောလာခဲ့သည်။

“ဒီအရွေ့ဟာ ရုရှားက အနောက်အုပ်စုကို သူဟာ နျူကလီးယား အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် သတိထားနေဖို့နဲ့ မနေပါက နျူစစ်ပွဲ ဖြစ်ပွားနိုင်တယ်ဆိုတာကို သတိပေးလိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်” ဟု ဝါရှင်တန် ဒီစီအခြေစိုက် နိုင်ငံခြားရေးမူဝါဒနှင့် ကာကွယ်ရေး လေ့လာသုံးသပ်သူ ရစ်ချတ် ဝှိုက်စ်က ပြောလာသည်။

ယူကရိန်းအရေး စတင်ကတည်းက ပူတင်သည် ၎င်း၏ နယ်မြေပိုင်နက်များကို ကာကွယ်ရန်အတွက် လိုအပ်လာပါက နျူလက်နက်များပင် အသုံးပြုရန် အသင့်ရှိနေကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ နျူလက်နက်များ ဖြန့်ကျက်ချထားမည့် အစီအစဉ်ကိုလည်း သူကိုယ်တိုင် မတ်လ၌ ပထမဆုံး ကြေညာခဲ့သည်။

ဘီလာရုစ်၌ နျူလက်နက်များ ထားရှိသော်လည်း ၎င်းတို့ကို မော်စကိုကသာ ဆုံးဖြတ်ချ၍ အသုံးပြုခွင့်ရှိမည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ က ဆိုသည်။

ဗျူဟာမြောက် နျူလက်နက်ဆိုသည်မှာ အကြီးအကျယ် ပျက်စီးခြင်းနှင့် ရေဒီယိုသတ္တိကြွခြင်းတို့ မရှိဘဲ သတ်မှတ်ထားသည့် နေရာကိုသာ ထိခိုက်ပျက်စီးစေမည်ဖြစ်သည်။ ဗျူဟာမြောက် နျူလက်နက်မှာမူ မြို့တစ်မြို့လုံးအား ကုန်းကောက်စရာ မရှိတော့သည်အထိ ဖျက်ဆီးနိုင်စွမ်းရှိသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here