Sunday, July 20, 2025

တရုတ်က တိဘက်ဒေသတွင် ဧရာမရေကာတာကို စတင်တည်ဆောက်

တရုတ်ဝန်ကြီးချုပ် လီကျင်းသည် တိဘက်ဒေသ Yarlung Tsangpo မြစ်အောက်ပိုင်းတွင် စုစုပေါင်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဒဿမ ၂ ထရီလျံရှိ...

ရုရှားတွင် ပြင်းအား ၇ ဒဿမ...

ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်တွင် ပြင်းအား ၇ ဒဿမ ၄ အဆင့်ရှိ အားပြင်းငလျင်အပါအဝင် ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင်...

အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ...

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့်...

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄...

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ...
HomeInternationalအနောက်အုပ်စုသည် ရုရှားနှင့် ဘယ်လာရုစ်တို့ကို...

အနောက်အုပ်စုသည် ရုရှားနှင့် ဘယ်လာရုစ်တို့ကို မကြေငြာသော စစ်ဆင်နွှဲနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးပြောကြား

အနောက်နိုင်ငံများအုပ်စုဦးဆောင်သည့် မကြေငြာသော စစ်ပွဲသည် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကို ရည်ရွယ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu က ဘယ်လာရုစ်နိုင်ငံ တပ်မတော်အကြီးအကဲ Viktor Khrenin နှင့် ကြာသပတေးနေ့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ယနေ့အခါ ကျွန်ုပ်တို့သည် အစုလိုက်အပြုံလိုက်ဖြစ်သော အနောက်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်မှာ အမှန်အားဖြင့် ကျွန်ုပ်တို့နိုင်ငံများအပေါ် တရားဝင် မကြေငြာသော စစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်” ဟု Shoigu က ပြောကြားခဲ့သည်။

သူ့အဆိုအရ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများသည် “နောက်ပိုင်းတွင် ပိုမိုပြင်းထန်လာသည်” ဟု ဆိုသည်။

“အရှေ့ဥရောပရှိ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ နေတိုး၏ ပူးပေါင်း လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှု တိုးမြှင့်ရန် အစီအမံများစွာကို လက်ရှိတွင် အကောင်အထည် ဖော်လျက်ရှိသည်။ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးချဲ့ချထားလျက်ရှိပြီး နယ်စပ်အနီးတွင် တိုက်ခိုက်ရေး လေ့ကျင့်မှုနှင့် ကင်းထောက်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့သည်” ဟုလည်း Shoigu ကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်က တိဘက်ဒေသတွင် ဧရာမရေကာတာကို စတင်တည်ဆောက်

တရုတ်ဝန်ကြီးချုပ် လီကျင်းသည် တိဘက်ဒေသ Yarlung Tsangpo မြစ်အောက်ပိုင်းတွင် စုစုပေါင်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဒဿမ ၂ ထရီလျံရှိ ဧရာမ ရေကာတာစီမံကိန်း တည်ဆောက်မှုကို စနေနေ့တွင် စတင်ပေးခဲ့ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ China Yajiang Group ဟုခေါ်ဆိုသည့် ကုမ္ပဏီသစ်တစ်ခုကိုလည်း စနေနေ့တွင် တရားဝင်ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဘက် အရှေ့တောင်ပိုင်း Nyingchi အနီး တည်ရှိသည့် ဆည်ငါးဆင့်ပါဝင်သော ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်မည်ဖြစ်သည်ဟု ရှင်းဟွာက ဆိုသည်။ ထုတ်လုပ်သည့်...

ရုရှားတွင် ပြင်းအား ၇ ဒဿမ ၄ အဆင့်ရှိ အားပြင်းငလျင်အပါအဝင် ငလျင်များ လှုပ်ခတ်

ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်တွင် ပြင်းအား ၇ ဒဿမ ၄ အဆင့်ရှိ အားပြင်းငလျင်အပါအဝင် ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် အန္တရာယ်မရှိတော့ဟု ပစိဖိတ်ဆူနာမီလှိုင်း သတိပေးရေးဌာန(PTWC) က ပြောကြားခဲ့သည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့(USGS) ၏ အဆိုအရ ရုရှား၏ ပစိဖိတ်ကမ်းရိုးတန်း ကမ်းလွန်တွင် ငလျင်များလှုပ်ခတ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့နံနက်ပိုင်း၌ ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့က ပြင်းအား ၆ ဒဿမ ၇ နှင့် ၅ အဆင့်ရှိ ငလျင်နှစ်ခုလည်း ပါဝင်သော ငလျင်များသည် လူဦးရေ...

အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည့် မြန်မာယူ-၂၃ အသင်း

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ပြိုင်ဘက်ထိုင်းအသင်းအားခက်ခဲစွာယှဉ်ပြိုင်ကျော်ဖြတ်ရမည်ဖြစ်သည့်အပြင် မြန်မာအသင်းအနေဖြင့် လက်ရှိခြေစွမ်းအရ ခံစစ်အားနည်းချက်များရှိနေခြင်းကြောင့် ရလဒ်ကောင်းထွက်‌ပေါ်ရန် ကြိုးစားရမည်ဖြစ်ကာ၊ ယခုပွဲစဉ် သည် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲတစ်ပွဲလည်းဖြစ် သည်။ ပွဲစဉ်ကို ဇူလိူင်၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲစဉ်၌ တီမောအသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့နိုင်သော်လည်း ၄ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။ မြန်မာ ယူ၂၃ အသင်းအနေဖြင့် နိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071