Wednesday, June 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်...

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...
HomeNewsLocal Newsမိုခါ၏အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် (၁၂၀)...

မိုခါ၏အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် (၁၂၀) မိုင်မှ (၁၃၀) မိုင်အထိမြင့်တက်လာ

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားအလွန့်အလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၁၂၀) မိုင်မှ (၁၃၀) မိုင်အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်းကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်မြောက်ဘက် ရေမိုင် (၂၂၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်မြောက်ဘက်ရေမိုင်(၂၀၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အနောက်မြောက်ဘက်ရေမိုင်(၃၅၀)မိုင်ခန့်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အသိပေးထားသည်။

အဆိုပါအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု (၁၇.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၀)ဒီဂရီတွင် ရှိပြီး၊ ဗဟို ချက်လေဖိအား (၉၄၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၂၀)မှ မိုင်(၁၃၀) နှုန်းခန့်ဖြစ်ကြောင်း၊ မုန်တိုင်း၏ လက်ရှိအခြေအနေကို အနီရောင်အဆင့်ဟုသတ်မှတ်ထားကြောင်း သိရသည်။

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မိုခါ”သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ရခိုင် ကမ်းရိုးတန်းကိုစတင်ဖြတ်ကျော်နိုင်ကာ၊ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့တို့ကြားစစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည်။

ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းအပြင် မုန်တိုင်းမှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် တပြည်လုံးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ မဟာရာရှ်ထရာပြည်နယ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌ တော်ငွေချီးမြင့်

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ ဘင်ခရာအဖွဲ့အား ဆု‌တော်ငွေချီးမြင့်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071