ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်အပြီးတွင် ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ အေစီမီလန်နှင့် အင်တာမီလန်တို့ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်။
ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်နှင့် ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်စီးတီးတို့တွေ့ဆုံနေပြီး တစ်ဖက်တွင်လည်း အီတလီစီးရီးအေမှ အသင်းများဖြစ်သည့် အေစီမီလန်နှင့် အင်တာမီလန်တို့တွေ့ဆုံနေသည့်အတွက် စီးရီးအေကလပ်တစ်သင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ကြိမ်းသေတက်ရောက်မည်ဖြစ်သည်။
လက်ရှိဗိုလ်စွဲရန်ရေပန်းအစားဆုံးအဖြစ် မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ အင်တာမီလန်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကိုလာမည့် မေလ (၉) ရက်နှင့် (၁၀) ရက်တို့တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မေလ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ကစားမည်ဖြစ်သည်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ Atatürk Olympic Stadium ၌ ဇွန်လ (၁၀) ရက်တွင် ကျင်းပမည်ဖြစ်သည်။


