ယနေ့တွင် ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့ဝင်ဖြစ်လာတော့မည်

0
1779

အိမ်နီးချင်းဖြစ်သူ ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖြစ်ရန် စောင့်ဆိုင်းနေစဉ်တွင် ဖင်လန်နိုင်ငံသည် သမိုင်းဝင်အပြောင်းအလဲတစ်ခုအဖြစ် ယနေ့တွင် နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မည်။

နေတိုး စစ်ဌာနချုပ်တွင် ယနေ့ကျင်းပမည့် ဖင်လန်နိုင်ငံအား နေတိုးစစ်အုပ်စု၏ ၃၁ နိုင်ငံမြောက်အဖြစ် ကြိုဆိုခြင်းနှင့် အလံတင်ခြင်းအခမ်းအနားသို့ ဖင်လန်သမ္မတ ဆော်လီနီနစ္စတိုနှင့် အစိုးရဝန်ကြီးများတက်ရောက်ကြမည်ဖြစ်သည်။

“ဖင်လန်နိုင်ငံရဲ့ လုံခြုံရေး၊ နော်ဒစ်လုံခြုံရေးအတွက်နဲ့ နေတိုးအုပ်စုတစ်ခုလုံးအတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ”ဟု နေတိုးစစ်အုပ်စု အတွင်းရေးမှူးချုပ် Jens Stoltenberg က တနင်္လာနေ့က သတင်းထောက်များအားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here