စီးပွားရေးမောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိကကျ၍ တည်ငြိမ်အေးချမ်းမှုကိုလည်း အထောက်အကူပြုစေနိုင်

0
88

နိုင်ငံဖွံဖြိုးတိုးတက်စေရန် စီးပွားရေးမောင်းနှင်အားမှာအရေးကြီးခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မတ် ၂၀ ရက်နံနက်က စစ်ကိုင်းတိုင်းရှိ တိုင်း၊ခရိုင်၊မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကို နိုင်ငံရေးမောင်းနှင်အား၊စီးပွားရေးမောင်းနှင်အားနှင့်ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရသည်ဟု ဆိုသည်။

စည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံသားများဖြင့်ရပ်တည်ဆောင်ရွက်ပါက နိုင်ငံရေးအားကောင်းမွန်မည်ဖြစ်ကာ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင်အထိုက်အလျောက်ဩဇာရှိနိုင်သည်ဟု ဆိုသည်။

“နိုင်ငံရဲ့ မောင်းနှင်အားတွေထဲက စီးပွားရေးမောင်းနှင်အားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျဆုံးဖြစ်ပါတယ် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ပါတယ် စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနဲ့ကာကွယ်ရေးမောင်းနှင်အားတွေကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စီးပွားရေးပညာရပ်အား လူတိုင်းနားလည်သင့်ပြီး အစိုးရအနေဖြင့်တစ်နိုင်ငံလုံးစီးပွားရေးနှင့်ပြည်သူလူထု၏ စီးပွားရေးတိုးတက်အောင်စီမံဆောင်ရွက်လျက်ရှိကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်ရေးနှင့် လူအများကြီးပွားချမ်းသာစေမည့် လမ်းကြောင်းကိုမြှင့်တင်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့ပြင် ဒေသထွက် ကုန်ကြမ်းများအား ကုန်ချောအဖြစ်ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရောင်းချပါက အကျိုးအမြတ်ပိုမိုရရှိမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here