ကမ်းနားလမ်းသစ် ၆ရက်ပိတ်မည်

0
103

ဒလတံတားစီမံကိန်း၏ လုပ်ငန်းခွင်အခြေအနေတွေ​ဖြစ်သည့် သံမဏိယက်မများတပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အားယာယီပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးထုတ်ပြန်ထားသည်။

မတ် ၁၈ ရက်၊ ၁၉ ရက်၊ မတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖြစ်သန်းသွားလာခွင့်ကို ၆ ရက်ကြာယာယီပိတ်ထားမည်ဖြစ်ပြီး အဆိုပါ ရက်များသည်ပိတ်ရက်များဖြစ်​သော်လည်းကားလမ်းကြောင်းသတိပြုရွေးချယ်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သည့် Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများတပ်ဆင်ချိန်တွင် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့်အလုံမြို့နယ်၊စံပယ်လမ်းထိပ်ကြားအပိုင်းအား ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့လယ် နှင့် ဒလမြို့နယ်ကိုဆက်သွယ်ပေးမည့်ဒလတံတားတည်ဆောက်နေမှုသည် ၅၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ​ရန်ကုန် – ဒလမြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင် တစ်စင်းအပါအဝင်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် စုစုပေါင်းအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား တံတားဖြစ်ပြီး သံမဏိကြိုးဆိုင်း တံတားတစ်စင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here