တစ်သက်တာအကယ်ဒမီဆုရှင်ဒေါ်မြင့်မြင့်ခင်ဟာ အခုအချိန်မှာ အသက်၈၉ နှစ်အရွယ်ရှိနေပြီး ကျန်းမာရေးအခြေအနေတစ်ခုကြောင့်ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
အခုလိုဆေးကုသမှုခံယူနေရတာနဲ့ပတ်သက်ပြီး ဒါရိုက်တာ ကြည်စိုးထွန်း က
” သူက အစာမချက်နိုင်တဲ့အတွက် ခဏခဏဝမ်းသွားနေတာ အရင်တစ်ခါကလည်းအခုလိုဖြစ်ဖူးတယ် အဲ့ဒါကြောင့် Grand Hanthaဆေးရုံမှာ ဆေးကုသမှုခံယူနေတာ အဲ့ဒါကြောင့် ဆေးရုံထိသွားပြီး မေးတာပါ” လို့ ပြောပါတယ် ။
အန်တီမြင့်မြင့်ခင် အမြန်ကျန်းမာစေဖို့ ပရိသတ်တွေကလည်း ဆုတောင်းစကားလေးပြောပေးခဲ့ကြပါဦး။






