ပေကျင်း၊မတ် ၁၄
တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါအပြီး ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၅ ရက်မှစ၍ ဗီဇာအမျိုးအစားအားလုံး ကို ထုတ်ပေးကာ နယ်စပ်များ ကို ပြန်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ကပ်ရောဂါမတိုင်မီက ဗီဇာမလိုသော တရုတ်နိုင်ငံရှိ နေရာများသည်လည်း ဗီဇာကင်းလွတ်ခွင့် ပြန်လည်ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
အဆိုပါဗီဇာကင်းလွတ်အစီအစဉ်၌ ဟိုင်နန်တောင်ပိုင်းရှိခရီးသွားကျွန်းနှင့် ရှန်ဟိုင်းဆိပ်ကမ်းကို ဖြတ်သွားမည့် အပျော်စီးသင်္ဘောများလည်း ပါဝင်သည်ဟုဆိုသည်။
၂၀၂၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့ မတိုင်မီ ထုတ်ပေးထားသော ဗီဇာများ ကို ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများသည်လည်း ၎င်းတို့၏ကျန်ရှိ နေသော ဗီဇာသက်တမ်းကာလအတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပေကျင်းသည် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကိုကျင့်သုံးနေခဲ့ရာမှ ဒီဇင်ဘာလ၌ အဆိုပါမူဝါဒကို ရုပ်သိမ်းခဲ့ပြီး ဇန်နဝါရီလမှစတင်ကာ နိုင်ငံသို့ဝင်ရောက်သည့်ခရီးသွားများအတွက် ကွာရန်တင်းဝင်ရသည့်စနစ်ကိုလည်း ဖျက်သိမ်းပေးခဲ့သည်။
Source : CNA
