Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း...

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန်...
HomeNewsLocal Newsပဲခူးမြို့ရှိ စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား...

ပဲခူးမြို့ရှိ စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား မတ် ၅ ရက် (တပေါင်းလပြည့်နေ့)၌ ဘုံ ၉ ဆင့်ထီးတော်အသစ်တင်လှူပူဇော်မည်

ပဲခူးတိုင်း၊ပဲခူးမြို့ရှိ စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား မတ် ၅ ရက်(တပေါင်းလပြည့်နေ့)၌ ဘုံ ၉ ဆင့် ထီးတော်အသစ်တင်လှူပူဇော်သွားမည်ဖြစ်သည်။

စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ဘုရင့်နောင်မင်းတရားကြီးမှတည်ထားခဲ့ခြင်းဖြစ်ကာ ဥာဏ်တော် ၃၃၃ ပေ၊အရံစေတီ ၆၀ ဆူ၊ လုံး ပတ်တော်အဝန်း ပေ ၁၅၀၀ ရှိပြီး သီဟိုဠ်ဘုရင်ဆက်သခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်များ၊မြသပိတ်တော်၊ဓာတ်တော်ပေါင်း ၆၃၃၈၀ ဆူ၊သုတ်၊ဝိနည်း၊အဘိဓမ္မာ ရေးထိုးထားသည့် ရွှေပုရပိုက်များ၊ရွှေ ပေငွေပေ တို့အပေါ်တွင်ရေးသားထားသည့် ပိဋကတ်တော်များဖြင့် ဌာပနာထားသည်။

ထိုင်းဘုရင်မိသားစုများ၊ထိုင်းလူမျိုးများ အ​​ရောက်လာဖူး​လေ့ရှိသည့် ​စေတီ​တော်ကြီးလည်းဖြစ်သည်။ဘုရားဝင်ဝင်ချင်းညာဖက်ရှိ​အောင်​မြေကိုလာနင်း​လေ့ရှိကြသည်။ပါးစပ်ရာဇဝင်အရ က​မ္ဘောဒီးယားသုံ့ပန်းများလည်း ဘုရားတည်ရာတွင် လုပ်အားပါဝင်ခဲ့သည်ဟု​တဆင့်စကားပြောသူများလည်းရှိသည်။

ထီးတော်အသစ်တင်လှူပူဇော်ခြင်းအား ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင် CB Bank ဥက္ကဋ္ဌဦးခင်မောင်အေးမှတင်လှူပူဇော်ခြင်းဖြစ်ကာ ထီးတော်အသစ်သည် ဥာဏ်တော် ၃၇ ပေ၊အချင်း ၁၅ ပေနှင့် ဘုံ ၉ ဆင့်ရှိကြောင်း သိရသည်။

ထို့ပြင် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား ဧပြီ  ၄ ရက်တွင် တင်လှူပူဇော်သွားမည်ဖြစ်ပြီး ဧပြီ ၁၁ ရက်၌ သံဃာတော်အပါး ၁၀၀၀ မှအနေကဇာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့၌ပင် ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော လေပိုင်နက်အသုံးပြုခွင့်ဆိုင်ရာ သတိပေးချက်(NOTAM) အရ ပိ-တ်ပင်မှုသည် အိန္ဒိယတွင် မှတ်ပုံတင်သော၊ အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက ပြေးဆွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ လေပိုင်နက် အသုံးပြုခွင့် ပိ-တ်ပင်မှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်အထိ အာဏာ သက်ရောက်မည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်ကို ၂၀၂၅...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂီတရံပုံငွေပွဲတွင် ဇော်ပိုင်၊ ဝေလ၊ ဂျီလတ်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စိုးထက်(ဝါဆို)၊ ချောစုခင်၊ အိမ့်ချစ်၊ ဂျူဝယ်၊ ကေကေမိုး၊ ချမ်းမြေ့မောင်ချိုအပါအဝင် အခြားအဆိုတော်များအားဖြည့်၍ MC နှင့် Mystery Band Mandalay တေးဂီတဝိုင်းတော်သားများက အားဖြည့်ကူညီတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတရံပူံငွေပွဲအား Main Sponsor အဖြစ် ထိပ်တန်းရွှေဘုရင်...

အီတလီသံရုံးနှင့် AWBA Group တို့ ပူးပေါင်းဆောင်ရွက်သော ပညာသင်ဆုအတွက် လျှောက်လွှာများခေါ်ယူ

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ Myanma Awba Group နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Awba Group အနေဖြင့် 2025-2026 ပညာသင်နှစ်တွင် အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့မှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဘာသာရပ်များတွင် ဘွဲ့ သို့မဟုတ် မဟာဘွဲ့ ပညာသင်ဆုအတွက် ပညာသင်နှစ် (၄) ခု ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071