Wednesday, June 17, 2026

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...
HomeNewsLocal Newsကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့် မြန်မာနိုင်ငံသားများ အထောက်အထားအစုံအလင်...

ကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့် မြန်မာနိုင်ငံသားများ အထောက်အထားအစုံအလင် ပြသနိုင်ပါက နေရပ်ပြန်နိုင်ဟုဆို

တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများ ကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့်အတွက် နေရပ်ပြန်လိုပါက အထောက်အထားအစုံအလင်နှင့်တကွ အနည်းဆုံးဒဏ်ကြေးငွေကျပ် ၁၀၀ ပေးဆောင်၍ ပြန်နိုင်ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်မှ သိရသည်။

၆ ညအိပ် ၇ ရက်သက်တမ်းရှိသည့် တစ်ခါသုံး border pass ကိုင်ဆောင်သူများနှင့် စာအုပ်အနီကိုင်ဆောင်ထားသူများသည် ရွှေလီမြို့နယ်အတွင်းသာ သွားရောက်လည်ပတ်ခွင့်ရှိပြီး အချို့မှာ ဥပဒေချိုးဖောက်၍ တရုတ်ပြည်မကြီးအထိ သွားရောက်သူများရှိနေကြောင်းသိရသည်။

“စာရွက်စာတမ်းပြည့်စုံတယ်ဆိုရင် မလိုဘူး။ အခုကျွန်တော်တို့သွားတယ်။ သွားလို့ရှိရင် ၆ ညအိပ် ၇ ရက်ဆိုတာက နန်းတော်ဂိတ်ကနေဝင်သွားရင် ရွှေလီမြို့နယ်အတွင်းမှာပဲ သွားခွင့်ရှိတာလေ။ ရွှေလီမြို့နယ်ကိုကျော်ပြီး ဟိုဘက်တရုတ်ပြည်ထဲကိုသွားတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် မသွားရတဲ့နေရာကိုသွားတာပေါ့။ ကန့်သတ်နယ်မြေကိုကျော်သွားတာပေါ့။ အခုနယ်စပ်ကူးတဲ့လက်မှတ်က စာအုပ်အနီပဲဖြစ်ဖြစ် တစ်ခါသုံးပဲဖြစ်ဖြစ် ၆ ညအိပ် ၇ ရက်ပဲသွားလို့ရတယ်။ ဒါပေမယ့်သူက ရွှေလီမြို့နယ်အတွင်းကိုပဲ သွားရတာ။ အဲဒါကို ကျွန်တော်တို့လူတွေက ဟိုဘက်ပြည်မကြီးအထိသွားတော့ တရုတ်ပြည်ရဲ့ ဥပဒေကိုချိုးဖောက်တာပေါ့နော်။ နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီးတော့မှ အဲ့လိုအရေးယူတာ။ အဓိကတော့ ထောင် တစ်နှစ်ချမယ်။ ဒဏ်ငွေ ၅၀၀ ပေါ့။ ဒီဘက်က ညှိနှိုင်းတောင်းဆိုတော့ အနည်းဆုံးတစ်ရာဆောင်လို့ရတယ်။ ဒါကလည်းအထောက်အထားရှိတဲ့သူမှ ရတာပါ”ဟု လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဌေး(နန်းတော်ဂိတ်) ကပြောသည်။

ယင်းအပြင် စာရွက်စာတမ်း မပြည့်စုံသူများမှာ ၇ ရက်ခန့်ကြာမြင့်မည်ပြီး အနည်းဆုံး ဒဏ်ငွေယွမ်တစ်ရာနှင့် တရုတ်ပြည်သို့ဝင်ရောက်ခွင့် တစ်နှစ်ပိတ်မည်ဖြစ်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာပါက ထောင်ဒဏ် (၅) နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေရပ်ပြန်လိုသူများအနေဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သွားရောက်သတင်းပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းမှထောက်ခံစာယူ၍ ကျယ်ဂေါင် ရဲစခန်းနားမှ နိုင်ငံခြားသားများပြန်လည်ထွက်ခွာနိုင်ရေးဌာနသို့ ထပ်မံသတင်းပို့ရမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

High-Speed Railway G23 ဖြင့် ခရီးနှင်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ယနေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းကထွက်ခွာလာသော နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်း၌ ရှန်ဟိုင်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ရှန်ဟိုင်း ဒု-မြို့တော် ဝန်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရှန်ဟိုင်းမြို့သို့ နိုင်ငံတော်သမ္မတက High-Speed Railway G23 ဖြင့်ထွက်ခွာလာစဥ်...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071