Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeNewsLocal Newsပြည်ပသို့ သတ္ထုနှင့် သတ္ထုတွင်းထွက်...

ပြည်ပသို့ သတ္ထုနှင့် သတ္ထုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် လျှော့နည်းရရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁၀)လတာ ကာလအတွင်း သတ္ထုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှု အနေဖြင့်ကန်ဒေါ်လာသန်းပေါင်း ၂၈၀ ကျော်ဖိုးသာ တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၃၀၀ ဝန်းကျင်လျှော့နည်းရရှိခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ (၁၀) လတာအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တဆင့်ပြည်ပသို့တင်ပို့သည့် သတ္ထုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေမှာ အမေရိကန်ဒေါ်လာ ၂၈၈.၇၉၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။

အဆိုပါ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၆၇.၀၇၁ သန်း နှင့် နယ်စပ်မှတဆင့်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၇၁၀ သန်းတန်ဖိုးရှိ သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူအတွင်း ပြည်ပတင်ပို့မှုအနေဖြင့် ပယ်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၅၀.၈၄၁ သန်း နှင့် နယ်စပ်မှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄.၇၅၈ သန်း စုစုပေါင်း ၅၆၅.၅ ၆၉ သန်းဖို့ တင်ပို့နိုင်ခဲ့သည့်အတွက် ယခုနှစ် တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၂၇၆.၇၇၈ သန်းလျှော့နည်းနေကြောင်း သိရသည်။

အဆိုပါ ပြည်ပတင်ပို့မှုများတွင် သတ္တ္ထုနှင့် သတ္ထုရိုင်းများ တင်ပို့မှုရငွေမှာ အမေရိကန်ဒေါ်လာ ၇၀.၈၁၃သန်း၊ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀.၆၉၇ သန်း၊ကျောက်မျက်ရတနာ တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁၂.၉၁၃ သန်း နှင့် အခြားတွင်းထွက် ပစ္စည်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈၄.၉၆၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။        အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။       “ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071