Wednesday, June 11, 2025

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး...

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး...

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊...

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...
HomeArticlesဝမ်းပျက်ဝမ်းလျော အစာအဆိပ်သင့်နိုင်ခြေရှိမရှိ လမ်းဘေးဆိုင်တွေမှာ...

ဝမ်းပျက်ဝမ်းလျော အစာအဆိပ်သင့်နိုင်ခြေရှိမရှိ လမ်းဘေးဆိုင်တွေမှာ သတိပြုရမယ့် အချက်ရှစ်ချက်

လမ်းဘေးကစားသောက်ဆိုင်ဟာ ဈေးသက်သာပြီး မြန်မာလူမျိုးနဲ့ ခံတွင်းတွေ့လို့ လမ်းကြိုလမ်းကြား နေရာတိုင်းမှာ အလွယ်တကူ ဝယ် ယူစားသောက်နိုင်တဲ့ဆိုင်တွေ များပြားနေတာဖြစ်ပါတယ်။ ဒါပေမယ့် လည်း လမ်းဘေးစားသောက်ဆိုင်ကအစားအစားတွေဟာ ဈေးသက် သာပြီး စားကောင်းတယ်ဆိုတိုင်း ကိုယ့်ဝမ်းနဲ့တည့်ချင်မှတည့်ပါလိမ့် မယ်။ မတော်ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့အပြင် ကံဆိုးရင် အစာ အ ဆိပ် သင့်လည်းဖြစ်နိုင်လို့ စားသောက်ဆိုင်ထဲမဝင်ထိုင်ခင် သတိပြု သင့်တဲ့ အချက်လေးများကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၁။ လမ်းဘေးစားသောက်ဆိုင်များဟာ အစားအသောက်ကို လက်တ လောချက်ပြုတ် ကြော်လှော် ထားတဲ့အစားအစာရောင်း ချတဲ့ဆိုင်မျိုးဖြစ် ရပါမယ်။ ကြိုတင်ပြင်ဆင်ထားခြင်းရှိရင်လည်း အထားခံတဲ့ အသီးအ ရွက်နဲ့သစ်သီးများသာဖြစ်သင့်ပြီး အဲ့ဒိ အသီးအရွက်များကို လည်းအ ပူပေးထားခြင်းမျိုးမဖြစ် ရပါဘူး။

၂။ အသား၊ အသားလုံး၊ ခေါက်ဆွဲဖတ်နဲ့ ဖက်ထုတ်တို့လို့ အစရှိတဲ့ အစားအစာများကို ပြုတ်ထားပြီး ပန်းကန်ထဲထည့်ကာကြိုတင်ပြင် ဆင်ထားခြင်းမျိုး မပြုလုပ်ရပါဘူး။ စားခါနီးမှ ကျက်အောင်ပြုလုပ် ရမှာဖြစ်ပါတယ်။

၃။ စားရန်အသင့်ချက်ပြုတ်ကြော်လှော်ပြီး ရောင်းချတဲ့အသင့်စား ထမင်း ဟင်းဆိုင်များ အနေနဲ့ အစားအသောက်ဟင်းလျာများကို ၂ ကနေ ၄နာ ရီကြားတစ်ခါ ပြန်နွေးသင့်ပါတယ်။ ဒါမှ ဝမ်းပျက် ဝမ်းလျှောဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို မကြီးထွားလာစေမှာဖြစ်ပါတယ်။

၄။ အစားအသောက်ရောင်းချတဲ့ဆိုင်များဟာ သန့်ရှင်းပြီး ရောဂါဖြစ် ပွားစေတဲ့ ကြွက်၊ ပိုးဟပ် ၊ယင်ကောင် အစရှိတာတွေနဲ့ ကင်းရှင်းရ မှာဖြစ်ပြီး အခြားအိမ်မွေးတိရစ္ဆာန်လည်းမရှိရမှာဖြစ်ပြီး အနီးအနားမှာ အမှိုက်ပုံလိုမျိုး စွန့်ပစ်ပစ္စည်းတွေ ရှိမနေရပါဘူး။ အခြားအိမ်မွေး တိရိ စ္ဆာန်လည်း အစားအသောက်အနီးအနားကို ခေါ်ဆောင်မလာသင့် ပါဘူး။

၅။ အစားအစာကိုင်တွယ်ချက်ပြုတ်သူဟာ ခေါင်းဆောင်း နဲ့ ရှေ့ဖုံးခါး စည်းကို ဝတ်ဆင်ထားရမှာဖြစ်ပြီး လက်သည်းတိုတိုညှပ်ကာ လက်အိပ် စွပ် ထားရပါမယ်။ တူ၊ ဇွန်း၊ ညှပ် အစရှိတာတွေသုံးပြီး အစားအသောက် ကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ လက်နဲ့တိုက်ရိုက် အစားအသောက်တွေ ကိုကိုင်တွယ်ခြင်းမျိုး မပြုလုပ်ရပါ။

၆။ အစားအစာချက်ပြုတ်သူနဲ့ အစားအသောက်လာချပေးသူတွေမှာ အနာတစ်ခုခု ဖြစ်နေ၊ ပေါက်နေခဲ့မယ်ဆိုရင် အဲ့ဒီအနာတရများကို ပလာစတာနဲ့ပတ်စေပြီးမှသာ ချက်ပြုတ်ကိုင်တွယ်စေသင့်ပါတယ်။

၇။ အစားအသောက်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ဇွန်း၊ ယောက်မ၊ ပန်း ကန်၊ တူ အပြင် ထိုင်ခုံ၊ ရေခွက်အပါအဝင် သန့်ရှင်းနေရမှာဖြစ်ပြီး ကြေး(ဂျီး) တက်နေခြင်း မရှိရပဲ မကောင်းတဲ့ အနံ့အသက်များနဲ့ ကင်းဝေနေရစေပါမယ်။

၈။ အစားအသောက် အသုံးအဆောင်ပစ္စည်း၊ ပန်းကန်ခွက်ယောက် တွေကို မြေပြင်နဲ့အထက် ၆၀စင်တီမီတာအမြင့်မှာ ထားရပါမယ်။

ဒါ့အပြင် ပူပြင်းတဲ့ရာသီဥတုမှာ အစားအသောက်တွေဟာ အလွယ်တကူပျက်စီးပုတ်သိုးလွယ်စေပါတယ်။

အစားအသောက်ပါဆယ်ဝယ်လာလို့ ချက်ချင်း မစားဖြစ်သေးရင်(သို့) စားမကုန်တာဆိုရင် အစားအသောက်ကိုဆူပွက်အောင် ပြန်လည် အပူ ပေးပြီးမှ အအေးခံကာ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။

ဒီနည်းဟာ တစ်ရက်ကနေနှစ်ရက်အထိ အထားခံပါတယ်။ တစ်ကယ်လို့များ အစားအစားရဲ့ပုံပန်း သဏ္ဍန်ပြောင်းလဲသွားရင် ဥပမာ အမြုပ်ထနေ တာနဲ့ အနံအသက်မကောင်းဘူးဆိုရင်တော့ အဲဒိ အစားအစာကို လုံးဝ မစားသင့်ပါဘူးဆိုတာ အကြံပြုလိုက်ပါတယ်။

Ref:sanook

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နူးဆမ်းက စွပ်စွဲလိုက်သည်။ အယ်လ်အေ မြို့တွင်ဖြစ်ပွားနေသော လဝကစီမံချက်ဆိုင်ရာ စီးနင်းမှုများရို ဆန္ဒပြမှုများသည် ငါးညတိုင်ရောက်ရှိလာပြီး မြို့လယ်အစိတ်အပိုင်းအချို့ကို ညမထွက်အရအမိန့် ထုတ်ထားရပြီဖြစ်သည်။           လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ကြပ်မတ်ရေးတာဝန်ရှိသူများ၏ မညှာမတာစီးနင်းဖမ်းဆီးမှုများကို တုန့်ပြန်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် သီတင်းပတ်ကုန်ပိုင်းမှစကာ လော့ဆန်းဂျလိစ်မြို့ဧရိယာတွင် ဖမ်းဆီးခံထားရသူအရေအတွက်သည် ၃၈၀ နီးပါး ရှိနေပြီဖြစ်သည်။          မြို့တော်ဝန် ကာရန်ဘတ်စ်က ဆန္ဒပြပွဲများတွင်...

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊ မြေပြင် အသက်ကယ်သင်တန်း ဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ကယ်ဆယ်ရေးရေပြင်၊ မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅ ) - သင်တန်းဆင်းပွဲးကို ဇွန် (၉) ရက် ညနေပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစီအစဉ်အရ သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ပံ့ပိုးငွေကျပ် ဆယ်သိန်းလှူဒါန်း...

ယနေ့မှ ဇွန်(၁၆) ရက်အထိ မိုးသည်းထန်ပြီး လေပြင်းတို-က်နိုင်

မုတ်သုံ‌လေနှင့် လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုတွင် မိုးသည်းထန်ပြီး လေပြင်းတို-က်ခြင်း၊ သဘာဝဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။ ယနေ့မှစ၍ ဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071