Sunday, June 15, 2025

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)...

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ...

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ...

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော...

KBZ စင်တာက ငလျင်ဒဏ်ကြောင့် ပျ-က်စီးခဲ့သည့်...

KBZ Center Mandalay က မန္တလေးမြို့ရှိငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် ဘုန်းကြီးကျောင်းများအပါအဝင် စာသင်တိုက်များ၊ သီလကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေအိတ် ရာနှင့်ချီစတင်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsတိုင်းနှင့်ပြည်နယ် ၈ ခုမှ...

တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးပေးအပ်

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နစက မှ တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြို့နယ် ၃၇ခု အား ဖွဲ့စည်းပုံအ ခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)(၂/၂၀၂၃)(၃/၂၀၂၃)(၄/၂၀၂၃)(၅/၂၀၂၃)(၆/၂၀၂၃တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ဗန်းမောက်၊ကောလင်း၊ပင်လယ်ဘူး၊မြောင်၊ဆားလင်းကြီး၊ပုလဲ၊ယင်းမာပင်၊ခင်ဦး၊တန့်ဆည်နှင့်ရေဦးမြို့နယ်၊ ချင်းပြည်နယ်ရှိ တီးတိန်၊ထွန်းဇံ၊ဖလမ်း၊ကန်ပက်လက်၊မတူပီ၊ထန်တလန်နှင့်ဟားခါးမြို့နယ်တို့အား အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ထီးလင်း၊ဆော၊ပေါက်နှင့်မြိုင်မြို့နယ်တို့အား အမိန့်အမှတ် (၂/၂၀၂၃)၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊အုတ်ဖို၊နတ်တလင်း၊ပေါင်းတည်နှင့်ပေါက်ခေါင်းမြို့နယ်တို့အား အမိန့်အမှတ် (၃/၂၀၂၃)တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်မြို့နယ်တို့အား အမိန့်အမှတ် (၄/၂၀၂၃)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့်ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ဖရူဆို၊ရှားတောနှင့်ဘောလခဲမြို့နယ်တို့အား အမိန့်အမှတ်(၆/၂၀၂၃)တို့ဖြင့် အသီးသီးစစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

နစက မှ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ် မြေအေးချမ်းသာယာရေးအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်ကာ ယင်း နယ်မြေများရှိ တိုင်းမှူးများသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်၍ ကိုယ်တိုင်(သို့)စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်ကာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်အုပ်ချုပ်ရေးအပ်နှင်းထားသည့် တိုင်းမှူးများသည် နယ်မြေအတွင်း၌ အုပ်ချုပ်ရေးအဖြစ် လုံခြုံရေး၊လူမှုရေး၊ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေး၊ တရားစီရင်ရေးအဖြစ် တရားရုံးများဖွဲ့စည်းခြင်း၊စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း၊ပြစ်ဒဏ်ချမှတ်ခြင်း၊အတည်ပြုခြင်း၊အယူခံခြင်း၊ပြင်ဆင်မှုလျှောက်ထားခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ်(၇/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တာဝန်များထမ်းဆောင်ရာ၌ အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့အားဖွဲ့စည်းနိုင်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်းဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အား နစက ဥက္ကဋ္ဌ ထံအစီရင်ခံရမည်ဟု ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ငလျင်ဒဏ်သင့်ဒေသများသို့ တရုတ်လှူဒါန်း

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၅၀၀ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ တို့တွင် နေပြည်တော်နှင့် မန္တလေးမြို့၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်အရ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါစားနပ်ရိက္ခာများသည် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးကာ တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မတ်လ...

ဗီယက်နမ်သည် BRICS ၏ မိတ်ဖက်နိုင်ငံ ဖြစ်ပြီ

ဗီယက်နမ်နိုင်ငံကို ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု BRICS ၏ မိတ်ဖက်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။ “ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဘရာဇီးအစိုးရက ကြိုဆိုသည်” ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် ဥက္ကဌဖြစ်သည့် တောင်အမေရိကနိုင်ငံ ဘရာဇီးက ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်များနှင့်အတူ နိုင်ငံတကာအစီအစဉ်အတွက် ပိုမိုပါဝင် ကိုယ်စားပြုရန် ကတိကဝတ်ပြုကြောင်း ၎င်း၏ South-South ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့၏ အကျိုးစီးပွားနှင့် ပေါင်းစည်းမှုကို အားဖြည့်ပေးပါကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း...

ထိုင်း အဓိကဘဏ်ကြီးသုံးခု၏ စနစ်ပြုပြင်ထိန်းသိမ်းမှုကြောင့် ဝန်ဆောင်မှုများ ယာယီပြ-တ်တောက်

အွန်လိုင်းဘဏ်လုပ်ငန်း၊ ATM ငွေထုတ်မှုများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို သက်ရောက်သည့် ထိုင်းနိုင်ငံ၏ အဓိကဘဏ်ကြီးသုံးခု Krungthai၊ GSB၊ SCB တို့၏ ကျယ်ပြန့်သော ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော သုံးစွဲသူများသည် ဝန်ဆောင်မှုပြ-တ်တောက်သည့်အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်။ နိုင်ငံ၏ အကြီးဆုံး ငွေရေးကြေးရေးအဖွဲ့အစည်းသုံးခုဖြစ်သည့် Krungthai Bank Government Savings Bank(GSB)၊ Siam Commercial Bank(SCB) တို့သည် လာမည့်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်စနစ်ထိန်းသိမ်းမှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံတစ်ဝန်း လူသန်းနှင့်ချီကို သက်ရောက်စေသည့် ဘဏ်လုပ်ငန်းပြ-တ်တောက်မှုဖြစ်ပေါ်နေသည်။ စီစဉ်ထားသော ဖြ-တ်တောက်မှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071