Thursday, May 29, 2025

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...
HomeInternationalယူကရိန်းသို့ F-16 တိုက်လေယာဉ်များ...

ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပံ့ပိုးမည်မဟုတ်ဟု သမ္မတ ဘိုင်ဒင်ပြောကြား

အမေရိကန်သည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပံ့ပိုးပေးအပ်မည်မဟုတ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်း အစိုးရကမူ မိမိတို့သည် F-16 ကဲ့သို့သော တိုက်လေယာဉ်များ ရယူလိုကြောင်း ရှင်းရှင်းလင်းလင်းဖွင့်ဟ ပြောကြားခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်က M1 Abrams တိုက်ပွဲဝင်တင့်ကားများ လွှဲပြောင်းပေးရေး အတည်ပြုချက်ကို ထပ်ဆင့်သက်တမ်းတိုးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး၏အကြံပေး ယူရီဆက်ကလည်း “ကျွန်ုပ်တို့သည် F-16 များကိုရလိမ့်မည်”ဟု CNBC သတင်းဌာနသို့ ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

သို့သော် မစ္စတာဘိုင်ဒင်က ယင်းအထင်တွေးလုံးများအား တနင်္လာနေ့တွင် လုံး၀ ရှင်းလင်းသွားစေခဲ့သည်။ အမေရိကန်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ထောက်ပံ့ပေးမည်လောဟု အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်တွင် သတင်းသမားများက မေးမြန်းရာမှာ သူက “NO” ဟု ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတက ထိုသို့ပြန်လည်ဖြေကြားလိမ့်မည်ဖြစ်ကြောင်းကို အမေရိကန် တာဝန်ရှိသူများက ယခင်ကတည်းက ကြိုတင်ပြောထားခဲ့ကြပြီးဖြစ်သည်။

သမ္မတဇလန်းစကီးကမူ ယူကရိန်းအရှေ့ပိုင်း၌ ရုရှားတပ်ဖွဲများ၏အဆက်မပြတ်တိုက်ခိုက်ခံနေရသည့် ခက်ခဲသောအခြေအနေကို တန်ပြန်ရင်ဆိုင်ရန်အတွပ် လက်နက်အသစ်များအား ထပ်မံ၍ မြန်မြန်ဆန်ဆန် ပံ့ပိုးကြရန်လိုအပ်နေကြောင်း ယမန်နေ့က  ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့သည်။ ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ မေ ၂၉ ရက်နေ့လည်မှ ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ရောက်ရှိ

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယမန်နေ့ မေလ (၂၈)ရက်က လက်ခံရယူခဲ့သည်။ အဆိုပါ ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဆောင်စီတည်ဆောက်ပေးသွားမည်ဟုလည်း သိရသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လ ပထမပတ်အတွင်း ကျောင်းများအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA...

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071