Thursday, May 29, 2025

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက...

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...
HomeNewsLocal Newsယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ...

ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပ ၊ တိုင်းပြည်သည် သာမန်အခြေအနေမဟုတ်ဟု ဆုံးဖြတ်

နစကက အာဏာထိမ်းထားသည့် (၂) နှစ်ပြည့်သည့် ယနေ့ ဇန်နဝါရီ (၃၁) ရက် နံနက်ပိုင်းတွင် ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ ကာလုံအစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိအခြေအနေသည် တိုင်းပြည် တည်ငြိမ်အေးချမ်းသာမန်အခြေအနေအတွက် သာမန်မဟုတ်သည့်အခြေအနေဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်က ၎င်းတာဝန်ယူခဲ့သည့် (၂) နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကာလုံထံ အစီခံစာ တင်ပြခဲ့ပြီး ၎င်း၏ တင်ပြချက်အပေါ်  ယာယီသမ္မတဦးမြင့်ဆွေနှင့် တက်​ရောက်လာကြများက ဆွေးနွေး သုံးသပ်ခဲ့ကြောင်း သိရသည်။

ကာလုံတွင်မပါ​သော အထူးဖိတ်ကြားထားသည့် ဧည့်သည်များဖြစ်သည့် နစက အတွင်းရေးမှူး ဒုတိယဗိုချုပ်ကြီးအောင်လင်းဒွေး၊တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသီတာဦး တို့လည်း တက်ရောက်ခဲ့သည်။

​ဆွေး​နွေးသုံးသပ်ချက်များအရ အကြမ်းဖက်အုပ်စုများက နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေရန် ရည်ရွယ် လုပ်ဆောင်မှုများရှိနေပြီး ဆူပူအကြမ်းဖက်မှုများ ၊ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိ နေသည့်အတွက် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေ အနေမဟုတ်ကြောင်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်သည့် အ ခြေအနေဖြစ်ပါက ကာလုံအနေဖြင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ထံ အာဏာ ဆက်လက်ပေးအပ်နိုင်ကြောင်း ပြဌာန်းထားပြီး ဖေဖေါ်ဝါရီ (၁) ရက်တွင် ကာလုံ၏ ‌ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ယခုအချိန်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်၍ တည်ငြိမ်အေးချမ်းမှုလိုအပ်၍ တပ်မတော်အနေဖြင့် ဧပြီ ၂ ရက်မှစတင်ကာ ယခုမေလကုန်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်သတ်မှတ်ထုတ်ပြန်ထားသည်ဟုလည်း ပြောသည်။ " ဒါ့ကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အနေဖြင့်...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၃၈၀၄)ဘီလီယံကျော်ရှိခဲ့

ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စေတနာရှင်၊ အလှူရှင်များ၏ ဒုတိယအကြိမ်မြောက်အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုတွင်ထိခိုက်မှုရှိခဲ့ပြီး (၆)ခုမှာပြင်းထန်စွာခံစားခဲ့ရပြီး နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၀)ခုရှိ ရပ်ကွက်(၃၇၄) ခု၊ ကျေးရွာအုပ်စု(၉၄၄)စု၊ ကျေးရွာ(၂၀၈၁)ရွာ၊ အိမ်ထောင်စု(၁၆၂၁၆၇)စု၊ လူဦးရေ(၅၀၆၀၆၉)ဦးဘေးသင့်ခဲ့သည်ဟု ပြောသည်။ " ‌ေ-သဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈) ယောက်နဲ့၊ ဒဏ်ရာရသူ(၅၁၀၄)ယောက်ရှိပါတယ်။ ဒါ့အပြင်...

ငလျင်ဘေးအလှူငွေ ဒုတိယအကြိမ်တွင် ငွေကျပ်(၁၃၁)ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ(၂)သန်းကျော်ရရှိ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် မန္တ လေးငလျင်ကြီးဒဏ်သင့်ဒေသများနှင့် ငလျင်ဒဏ်သင့်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယနေ့ မေ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အလှူငွေပေးအပ်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အလှူရှင်များမှပေးအပ်လှူဒါန်းသည့် အလှူငွေများကိုလက်ခံရယူခဲ့သည်။ ဒုတိယအကြိမ်မြောက်အလှူငွေပေးအပ်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အိမ်ခန်း(၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက်အဆောက်အဦတစ်လုံးလျင် ငွေကျပ်သိန်း(၂၀၀၀၀)နှုန်းဖြင့် အလုံးပေါင်း(၅၁)လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်(၁၃၁ ဒသမ ၅၃)ဘီလီယံနှင့် အမေရိကန်ဒေါ်လာ(၂၃၁၄၉၀၀)သန်းကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားတွင် နစကဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် "...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071