ဟောင်ကောင်ကုန်တင်သင်္ဘောနစ်မြုပ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးသေဆုံး

0
97

ဇန်နဝါရီလ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သော ဟောင်ကောင်မှတ်ပုံတင် ကုန်တင်သင်္ဘော တစ်စင်းနစ်မြုပ်မှုကြောင့် ရှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များ၏အတည်ပြုချက်အရ အဆိုပါသေဆုံးသူရှစ်ဦးအနက်ခြောက်ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ကျန်နှစ်ဦးမှာမြန်မာနိုင်ငံသားများဖြစ်ကြသည်ဟုသိရသည်။

အဆိုပါသင်္ဘော၌ သစ်တန်ချိန်‌ခြောက်ထောင်ကျော်တင်လာပြီး သင်္ဘောသား ၂၂ ဦးပါဝင်သည်။၎င်းတို့မှာတရုတ်နိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၈ ဦးတို့ဖြစ်ကြသည်။

တောင်ကိုရီးယား၊ဂျပန်ကမ်းခြေစောင့်တပ်များနှင့် တံငါလှေများ၏ပြောကြားချက်အရ ၎င်းတို့အနက်စုစုပေါင်း ၁၃ ဦးအား ကယ်တင်ထားနိုင်ပြီဟုသိရသည်။ပျောက်ဆုံးနေသည့်ကျန်တစ်ဦးကိုလည်းဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟုဆိုသည်။

Source : Anadolu Agency


LEAVE A REPLY

Please enter your comment!
Please enter your name here