ထရမ့်၏ ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် အကောင့်များကို မက်တာက ပြန်လည် အသုံးပြုခွင့်ပေးသွားမည်

0
206

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကြီးဖြစ်သည့် မက်တာက သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် အကောင့်များကို လာမည့်အပတ်များအတွင်း ပြန်လည်အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့တွင်‌ ကြေညာခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် နောက်တစ်ကြိမ် ယှဉ်ပြိုင်သွားမည်ဟု ကြေညာခဲ့ပြီး လူထုထောက်ခံမှုရရှိရန်အတွက် မဲဆွယ်စည်းရုံးရန် ပြင်ဆင်နေသည်။

ထို့ကြောင့် ထရမ့်၏ အကြံပေးက မက်တာအား ယင်းကဲ့သို့ အကောင့်များအား ပိတ်ပင်ထားခြင်းသည် မဲဆွယ်ရာတွင် အဟန့်အတားဖြစ်စေသည်ဟုဆိုကာ ပြန်လည်အသုံးပြုခွင့်ပေးရန် ပြီးခဲ့သည့် အပတ်က တောင်းဆိုခဲ့သည်။

“မစ္စတာ ထရမ့်ရဲ့ ပြောဟောချက်တွေက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် အန္တရာယ်ပေးနိုင်တဲ့ အခြေအနေဟာ လေ့လာရသလောက်တော့ သိသိသာသာ ယုတ်လျော့သွားပါပြီ၊ ဒါ့ကြောင့် မစ္စတာ ထရမ့်ရဲ့ ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် အကောင့်တွေကို လာမယ့်အပတ်တွေမှာ ပြန်ပြီးသုံးခွင့်ပေးပါတာ့မယ်၊ ဒါပေမယ့် မဖြစ်သင့်တာတွေ နောက်တစ်ခါ မဖြစ်အောင် တားဆီးဖို့အတွက် အကာအကွယ်အသစ်တွေနဲ့ ကာကွယ်ထားပါတယ်” ဟု မက်တာ၏ ကမ္ဘာ့ရေးရာ ဥက္ကဋ္ဌ နစ်ကလတ်ခ်က ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

ထရမ့်သည် အနာဂတ်တွင် သတ်မှတ်ထားသော ကုမ္ပဏီ၏ ပေါ်လစီများအား ချိုးဖောက်ခဲ့ပါက တစ်လမှ ၂ နှစ်အထိ အကောင့်များကို ပြန်လည်ဆိုင်းငံ့သွားမည်ဟုလည်း မတ်တာက သတိပေးထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here