Monday, May 25, 2026

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄)...

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့်...

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး...

ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း...

ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုတွင် ဓါတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်...

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊လှိုင်မြို့နယ်တို့က 33 KV ဓါတ်အားလိုင်းများ နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းခြင်းများ ကို မေလ...

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေး

ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင်...
HomeNewsLocal Newsနယ်စပ်ကုန်သွယ်ရေးမှတဆင့် QR Code...

နယ်စပ်ကုန်သွယ်ရေးမှတဆင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Vehicle Monitoring System ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍အသုံးပြုသွားမည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးမှတဆင့်ပြည်ပသို့ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို https:// vehicle.myanmartradenet.com (Vehicle Monitoring System)ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စမ်းသပ်ဆောင်ရွက်ခြင်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊မြဝတီ၊ချင်းရွှေဟော်တို့ရှိ ကုန်သွယ်မှုလမ်းကြောင်းများ၌ ငွေကြေးကောက်ခံမှုမရှိဘဲ စတင်အသုံးပြုလျက်ရှိသည်။

ယင်း စနစ်အသုံးပြုမှုအား စမ်းသတ်ကာလပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ယာဥ်တစ်စီးလျင် ၅၀၀၀ ကျပ်ကောက်ခံ၍ အပြည့်အဝအသုံးပြုသွားမည်ဖြစ်၍ ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့ရာတွင် ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားထုတ်ယူရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ တင်ပို့မည့်ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်အား Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရမည်ဖြစ်ကာ နယ်စပ်ပို့ကုန်လိုင်စင်ရရှိပြီးပါက ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System)တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်သည်။

ထို့နောက် လိုအပ်သည့်အချက်အလက်များအား တာဝန်ရှိသူများကစစ်ဆေး၍ QR Code ပါဝင်သည့်ကုန်ပစ္စည်းသယ်ဆောင်ခွင့်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန် စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျဝန်ထမ်းများထံ QR Code ပြသ၍ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး QR Code ပြသစစ်ဆေးခံနိုင်ခြင်းမရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များသည် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Online မှ ပြန်လည်လျှောက်ထားပြီး QR Code ရရှိမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။

ထို့ကြောင့် လျှောက်ထားမည့်သူများအနေဖြင့် အသေးစိတ်သိရှိလိုသည်များအား https:commerce.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ဝ၆၇-၄၀၈၆၇၁၊ ၄ဝ၈၄၈၅၊ ၄ဝ၈၆၇ဝ၊ ၄ဝ၈၅ဝ၉၊ ၄ဝ၈၅၁၁ တို့နှင့်အီးမေးလ်လိပ်စာဖြစ်သည့် [email protected] , [email protected] တို့သို့ ရုံးချိန်အတွင်း၌ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းများသယ်ဆောင်သော ပို့ကုန်ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီးလောင်ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှနေအိမ်များအနက် ပထမဆုံးအသစ်ပြန်ဆောက်မည့် နေအိမ်(၈၄) လုံးအတွက် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့ပေး

စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့ရှိ ရပ်ကွက်(၇) ရပ်ကွက်လုံးမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁,၅၅၄)လုံးအနက် ပထမဦးစွာ အသစ်ပြန်လည်ဆောက်လုပ်မည့် နေအိမ်(၈၄)လုံးအတွက် ကရင်ပြည် နယ်အစိုးရအဖွဲ့က ဘိလပ်မြေအိတ်များနှင့် သွပ်ချပ်များကိုထောက်ပံ့ပေးအပ်ခဲ့သည်။ အသစ်ပြန်လည်ဆောက်လုပ်မည့်နေအိမ်(၄၉)လုံး၊ ပြန် လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)လုံး(စုစုပေါင်း ၈၄ လုံး)အတွက် တစ်အိမ်ထောင်လျှင် ဘိလပ်မြေ(၂၀) အိတ်၊ သွပ်(၄၀)ချပ်တို့အား ယနေ့ မေ ၂၅ ရက်မွန်းလွဲ ၂ နာရီက ထုတ်ပေးခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ နေအိမ်(၈၄) လုံး၏ ပိုင်ရှင်များအား ကော့ကရိတ်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂၅...

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး

ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း ဘောလုံးအားကစားသမားများ၏ အကြံဉာဏ်ကို ရယူဆွေးနွေးခဲ့ကြောင်း သိရသည်။ အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသများ၏ အောင်မြင်မှုများကို လူငယ်များအနေဖြင့် ယနေ့အချိန်ထိဂုဏ်ယူအားကျနေရကြောင်း၊ ယခုအခါ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပလျက်ရှိသကဲ့သို့ လိဂ်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။ အားကစား သိပ္ပံကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဝန်ကြီးချုပ်ဦးအေးကျော်က ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစား...

ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုတွင် ဓါတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင်းရှင်းလင်းမည်ဖြစ်သဖြင့် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊လှိုင်မြို့နယ်တို့က 33 KV ဓါတ်အားလိုင်းများ နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းခြင်းများ ကို မေလ ၂၆ ရက်နေ့ မနက် ကိုးနာရီကနေ ၁၂ နာရီအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ သိရသည်။ အဆိုပါ ဆောင်ရွက်မည့်အချိန်တွင် 33KV ဟုံဟိုင်း-ဟံသာဝတီဖိဒါ နှင့် ဟုံဟိုင်း-FID ဖီဒါတို့ကို ဓါတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊အောင်ဇေယျအိမ်ယာ၊ဆင်မင်းအိမ်ယာ၊ဆင်မင်းလမ်း၊သီရိမင်္ဂလာဥယျာဉ် အိမ်ယာ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ထီးတန်းစက်မြေရပ်ကွက်၊ဈေးကလေးရပ်ကွက်၊ဦးပိုင်ဆီကန်များ၊တန်(၃၆၀)ဆန်စက်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071