Home News Local News 7 EAO Alliance က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်ရန် ဆက်လက်ကြိုး ပမ်းမည်ဟု ပြော

7 EAO Alliance က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်ရန် ဆက်လက်ကြိုး ပမ်းမည်ဟု ပြော

0
93

နေပြည်တော်၊ဇူလိုင်-၂၁

NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 7 EAO Alliance က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပုံစံဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရေးနှင့် လုပ်ငန်းစဉ်တွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကို ဇူလိုင် ၂၁ ရက်က ကျင်းပပြီးစီးခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် 7 EAO Alliance တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ အပြီးတွင် 7 EAO Alliance ဆွေးနွေးညှိ နှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ဆွေး နွေးပွဲအတွင်း ယခင်ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ အကောင်အထည်ဖော်ရာမှ အားသာချက်၊ အားနည်းချက်များကို ရှု ထောင့်ပေါင်းစုံမှ ပြန်လည်သုံးသပ်နိုင်ခဲ့ကြောင်း၊ ထိုအတွေ့အကြုံများကို အခြေ ခံ၍ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ငြိမ်းချမ်းရေးအစီအမံများကို ချ မှတ်နိုင်ရေးအတွက် နှစ်ဖက် အပြန်အ လှန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ပြော သည်။

ထို့ပြင် ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သူများအားလုံး ပါဝင်လာနိုင်ရေးကိုလည်း အထူးအလေးထား ဆွေးနွေးခဲ့ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နှစ်ဖက်၏ သဘောထားများနှင့် အဆိုပြုချက်များကို မှတ်တမ်းစုစည်းချက်အဖြစ် ရရှိခဲ့သဖြင့် ယခုဆွေးနွေးပွဲမှာ အောင် မြင်သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရရှိထားသည့် သဘောထားစုစည်းချက်များကို 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့်
မကြာမီကျင်းပမည့် ဦးဆောင်အဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးကာ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်များ ရယူသွားမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အစီအ စဉ်များကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဟုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် 7 EAO Alliance အနေဖြင့် စု ပေါင်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် အခြား EAO အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအကြား ဟန်ချက်ညီပြီး သဟဇာတဖြစ်စေရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ-7 EAO Alliance

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here