အဆိုတော် တင်ဇာမော်ရဲ့ တစ်ကိုယ်တော် ဂီတပွဲကို အောက်တိုဘာ လ ၇ ရက်နေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဖျော်ဖြေပွဲပြုလုပ်ဖို့အတွက် တင်ဇာမော်က စက်တင်ဘာလ ၇ ရက်နေ့က မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာ ခဲ့ပြီး စက်တင် ဘာလ ၁၁ ရက်နေ့မှာတော့ မိတ်ဆွေသူငယ်ချင်းများနဲ့ အတူ အကြိုပါတီပွဲ တစ်ရပ်ကို ပြည်လမ်းက Pyay Garden မှာ ကျင်းပပြု လုပ်ခဲ့ပါ တယ်။ တင်ဇာမော်ရဲ့ ဒီအကြိုဆုံတွေ့ပွဲကိုတော့ ဂီတအသိုင်းအဝိုင်းမှ မိတ်ဆွေအ ပေါင်းအသင်း များစွာကလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။တင်ဇာမော်က7 Concert ဆိုတဲ့ နာမည်နဲ့ ပြုလုပ်မယ့် ဒီပွဲမှာတော့…….
7 Concert စီးရီးထဲက သီချင်းတွေကို အဓိက ထားသီဆိုသွားမှာဖြစ်ပြီး သူမရဲ့ နာမည်ကျော်သီချင်းတွေ အပါအဝင် သီချင်း အပုဒ်ပေါင်း ၂၆ပုဒ်နီးပါး သီဆိုသွားမယ်လို့ သိရပါတယ်။ အဆိုတော် တင်ဇာမော်ရဲ့ တစ်ကိုယ်တော် ဂီတပွဲကို အောက်တိုဘာ လ ၇ ရက်နေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဖျော်ဖြေပွဲပြုလုပ်ဖို့အတွက် တင်ဇာမော်က စက်တင်ဘာလ ၇ ရက်နေ့က မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာ ခဲ့ပြီး စက်တင် ဘာလ ၁၁ ရက်နေ့မှာတော့ မိတ်ဆွေသူငယ်ချင်းများနဲ့ အတူ အကြိုပါတီပွဲ တစ်ရပ်ကို ပြည်လမ်းက Pyay Garden မှာ ကျင်းပပြု လုပ်ခဲ့ပါ တယ်။ တင်ဇာမော်ရဲ့ ဒီအကြိုဆုံတွေ့ပွဲကိုတော့ ဂီတ အသိုင်းအဝိုင်းမှ မိတ်ဆွေအ ပေါင်းအသင်း များစွာကလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။တင်ဇာမော်က 7 Concert ဆိုတဲ့ နာမည်နဲ့ ပြုလုပ်မယ့် ဒီပွဲမှာတော့ 7 Concert စီးရီးထဲက သီချင်းတွေကို အဓိက ထားသီဆိုသွားမှာဖြစ်ပြီး သူမရဲ့ နာမည်ကျော် သီချင်းတွေ အပါအဝင် သီချင်း အပုဒ်ပေါင်း ၂၆ပုဒ်နီးပါး သီဆိုသွားမယ်လို့ သိရပါတယ်။
“7 အခွေ ကျွန်မရဲ့ ခုနှစ်ချပ်မြောက် အခွေပါ။ ဒီအခွေထဲက သီချင်းတွေနဲ့ ပရိသတ်နဲ့ ရင်းနှီးသွားပြီဆိုတဲ့ အခါပရိသတ် နဲ့ပွဲလေးလုပ်ချင် တယ်။ ‘7’ထဲက သီချင်းတွေအားလုံးပါအောင် သီ ဆိုဖို့ ကြိုးစားမှာပါ။ ဒီ တစ်ခွေလုံးအပြင် ကျွန်မရဲ့ သီချင်းတွေထဲက ပရိသတ် အကြိုက်များတဲ့ သီချင်း တွေလည်း ဆိုပါမယ်။Dream Lover တီးဝိုင်းနဲ့ တီးပါမယ်။ ကျွန်မအနေနဲ့က အခြေအနေအ ကြောင်းကြောင်းကြောင့် ကိုယ့်ပြည်ကိုယ့်မြေနဲ့ ဝေးနေရပါတယ်။ ပွဲတွေလည်းအမြဲသီဆိုဖို့ ကျွန်မ မှာ အခွင့်အရေးမရှိပါဘူး။ အဲဒီအတွက် ရှိတုန်း လေးမှာပွဲဆိုရပါတယ်။ ‘၇’စီးရီးထဲကသီချင်းတွေ သီဆိုဖို့စီစဉ်တဲ့ အချိန်မှာလည်း ကျွန်မ အဝေးမှာ ပါ။ ကျွန်မအနေနဲ့လည်း ပွဲတွေအများကြီးမှာ ပရိ သတ်ကို အမြဲဆိုပြဖို့အခွင့်အရေးမရှိတဲ့အခါ ချစ် ရတဲ့ ပရိသတ်နဲ့ တွေ့ရဖို့အတွက် ကျွန်မကိုယ်တိုင် လည်း ရင်ခုန်နေပါတယ်။ ပြီးတော့ ဒီတစ်ခွေလုံးက သီချင်းတွေကို စင်ပေါ်မှာ ဒါ ပထမဆုံးသီဆိုမှာဖြစ် တဲ့အတွက် စိုးရိမ်ရင်ခုန်မိပါတယ်”လို့ တင်ဇာမော် က ပြောပြပါတယ်။ တင်ဇာမော်ရဲ့ 7 Concert ကိုတော့ အောက်တိုဘာလ ၇ ရက်နေ့ သုဝဏ္ဏဘူမိ ကွင်းမှာ ပြုလုပ်မှာဖြစ်ပြီးDream Lover တီးဝိုင်း နဲ့အတူ ဖျော်ဖြေမှာဖြစ်တယ်လို့လည်း သိရပါ တယ်။
P-054
ဓာတ်ပုံ-အောင်ဇော်မင်း