Monday, August 3, 2026

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ...

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နှစ်နိုင်ငံ စွမ်းအင်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းဆက်ဆံရေး မြှင့်တင်ရေး အမြင်ချင်းဖလှယ် ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E....
HomeNewsLocal Newsကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်းများ စတင်

ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်းများ စတင်

(Unicode)

ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်ရေးလုပ်ငန်းများ စတင်

ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ ဆန္ဒအရ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ကျိုင်းတုံ ဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ် ဆက်စပ်တည်း တည်ရှိသည့်မြေနေရာ၌ ပုံစံတူပြန်လည်တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းများစတင်နိုင်ရန် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားအား ဖေဖော်ဝါရီ၁၇ရက်နေ့တွင် အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။

ရတနာအုတ်မြစ်တော်စီအခမ်းအနားကို ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊နစက ဥက္ကဋ္ဌနှင့်အဖွဲ့၊ ကျိုင်းတုံ နယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖ များ၊ ရှမ်း၊ လားဟူ၊ “ဝ”၊ အခါ၊ လီဆူ တိုင်းရင်းသားများ စသည်ဖြင့် စုံလင်စွာတက်ရောက်ကြကာ ဗဟို၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် တို့တွင် ရတနာအုတ်မြစ်တော်များကို စီသွင်းကြ ပြီး ပရိတ်နံ့သာရေများ ပက်ဖျန်းပေးကြသည်ဟုသိရသည်။

အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ကျိုင်းတုံ ဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ် ဆက်စပ်တည်း တည်ရှိသည့်မြေနေရာ၌ ပုံစံတူပြန်လည် တည်ဆောက်နိုင်ရေး ပြီးခဲ့သည့် နှစ်များကတည်းကတောင်းဆိုမှုရှိခဲ့သည့်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက် အဦကြီးနှင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန်းနီဟော်နန်းအဆောက်အဦ တို့သည်လည်း ပျက်စီးယိုယွင်းလျက်ရှိသဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေရာတွင်လည်း မိုင်းပွန်ဟော်နန်းကြီး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရာနှုန်း ပြည့်ပြီးစီးသွားပြီဖြစ်သည့်အပြင်၊ သိန်းနီဟော်နန်းကြီးသည်လည်း ပြီးစီးမှုရာခိုင်နှုန်း ၆၀ ကျော်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။

(Zawgyi)

က်ိဳင္းတုံေဟာ္နန္းပုံစံတူ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္

ေဆြေတာ္မ်ိဳးေတာ္တို႔ႏွင့္ ေဒသခံမ်ား၏ ဆႏၵအရ က်ိဳင္းတုံနယ္ရွင္ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္ ၏ က်ိဳင္းတုံ ေဟာ္နန္းႀကီးကို ေနာင္တုံကန္အနီးရွိ ေဟာ္နန္းဥယ်ာဥ္ေျမ၊ ေဟာ္နန္းေျမႏွင့္ တစ္ ဆက္စပ္တည္း တည္ရွိသည့္ေျမေနရာ၌ ပုံစံတူျပန္လည္တည္ေဆာက္ႏိုင္ေရးအတြက္ လုပ္ငန္းမ်ားစတင္ႏိုင္ရန္ ရတနာအုတ္ျမစ္ေတာ္စီ မဂၤလာအခမ္းအနားအား ေဖေဖာ္ဝါရီ၁၇ရက္ေန႔တြင္ အဆိုပါေနရာတြင္ ျပဳလုပ္ခဲ့သည္။

ရတနာအုတ္ျမစ္ေတာ္စီအခမ္းအနားကို က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္းေက်ာင္းတိုက္၊ ဦးစီးပဓာန နာယက အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲ ေခမာစာရ အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္မ်ား၊နစက ဥကၠ႒ႏွင့္အဖြဲ႕၊ က်ိဳင္းတုံ နယ္ရွင္ ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္ ၏ ေဆြေတာ္မ်ိဳးေတာ္မ်ား၊ အလႉရွင္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖ မ်ား၊ ရွမ္း၊ လားဟူ၊ “ဝ”၊ အခါ၊ လီဆူ တိုင္းရင္းသားမ်ား စသည္ျဖင့္ စုံလင္စြာတက္ေရာက္ၾကကာ ဗဟို၊ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ တို႔တြင္ ရတနာအုတ္ျမစ္ေတာ္မ်ားကို စီသြင္းၾက ၿပီး ပရိတ္နံ႔သာေရမ်ား ပက္ဖ်န္းေပးၾကသည္ဟုသိရသည္။

အဆိုပါ က်ိဳင္းတုံနယ္ရွင္ေစာ္ဘြားႀကီး စဝ္ကြန္ေက်ာက္အင္းထလ်ဲန္ ၏ က်ိဳင္းတုံ ေဟာ္နန္းႀကီးကို ေနာင္တုံကန္အနီးရွိ ေဟာ္နန္းဥယ်ာဥ္ေျမ၊ ေဟာ္နန္းေျမႏွင့္ တစ္ ဆက္စပ္တည္း တည္ရွိသည့္ေျမေနရာ၌ ပုံစံတူျပန္လည္ တည္ေဆာက္ႏိုင္ေရး ၿပီးခဲ့သည့္ ႏွစ္မ်ားကတည္းကေတာင္းဆိုမႈရွိခဲ့သည့္အတြက္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္း၏ မိုင္းပြန္ေဟာ္နန္း အေဆာက္ အဦႀကီးႏွင့္ သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္း၏ သိန္းနီေဟာ္နန္းအေဆာက္အဦ တို႔သည္လည္း ပ်က္စီးယိုယြင္းလ်က္ရွိသျဖင့္ ျပန္လည္ျပဳျပင္တည္ေဆာက္ေနရာတြင္လည္း မိုင္းပြန္ေဟာ္နန္းႀကီး သည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၅ ရက္ေန႔တြင္ ရာႏႈန္း ျပည့္ၿပီးစီးသြားၿပီျဖစ္သည့္အျပင္၊ သိန္းနီေဟာ္နန္းႀကီးသည္လည္း ၿပီးစီးမႈရာခိုင္ႏႈန္း ၆၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္းလည္းသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။ ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန် DEMU (Japan) ခရီးသည်တင်ရထား တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘုရားကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ အသက်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ စတင်ဆောင်ရွက်

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ထံမှ သိရသည်။ အဆိုပါ လုပ်ငန်းကို YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကန်၏ မြေသားဖွဲ့စည်းပုံနှင့် တာတမံကြံ့ခိုင်မှုအခြေအနေများကို အသေးစိတ် တိုင်းတာစစ်ဆေးလျက်ရှိကြောင်း သိရသည်။ စစ်ဆေးလေ့လာမှုမှ ရရှိလာသည့် ရလဒ်များအပေါ် မူတည်၍ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှု၊ ကြံ့ခိုင်မှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071