Wednesday, February 18, 2026

ဧရာဝတီတိုင်းအတွင်း၌ဖောက်လုပ်နေသည့် ကျေးရွာချင်းဆက်လမ်းများ

ဧရာဝတီတိုင်းအတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းငွေလုံးငွေ ရင်းရန်ပုံငွေတို့ဖြင့် ကျေးရွာချင်းဆက်လမ်းများကို ကျိုက်လတ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကတာဝန်ယူ၍ သက်ဆိုင်ရာ ကုမ္ပဏီများကဖောက် လုပ်လျက်ရှိကြောင်း...

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ...

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း...
HomeCelebrities' Newsကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေရတဲ့ အတွေ့အကြုံတွေကို...

ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေရတဲ့ အတွေ့အကြုံတွေကို ဝေမျှပေးခဲ့တဲ့ အစီအစဥ်တင်ဆက်သူ ဇော်ဝင်းနိုင်

#ZawGyi

ကၽြန္ေတာ္ ေဖာင္ႀကီး Q center မွာေရာက္တာ ဒီေန႔နဲ႔ဆို (၈)ရက္ရွိပါတယ္… ဒီမေရာက္ခင္ကၽြန္ေတာ္ေတြ႕ၾကဳံခဲ့ရတဲ့ေရာဂါခံစားမႈနဲ႔ သတိျပဳစရာတခ်ိဳ႕ကိုေျပာျပခ်င္ပါတယ္______

-Covid 19 ေရာဂါျဖစ္တဲ့ပုံစံကေတာ့တစ္ေယာက္နဲ႔တစ္ေယာက္မတူၾကပါဘူး ကြန္ေတာ္ျဖစ္တာကေတာ့ဆိုးတဲ့အထဲမွာပါတယ္လို႔ပဲဆိုရမွာပါ…အဖ်ားတက္၊ေမာ၊ၾကပ္တာေပါ့ေနာ္…အနံ့ေပ်ာက္ၿပီးအဲဒါေတြစျဖစ္တာပဲ..အရင္လဲအဆုတ္မေကာင္းတာအခံရွိေတာ့ ေမာတာ၊ၾကပ္တာကို ပုံမွန္ေလာက္ပဲထင္တာ …လူကေခါင္းကလဲမာေတာ့ သက္သာသြားမွာဆိုၿပီးႀကိတ္ခံေနေသးတာ…ကၽြန္ေတာ္အကိုအႀကီး Zaw Moe Hein ကိုေက်းဇူးတင္ရမွာပါပဲ… သူက oxygen level တိုင္းတာေတြပို႔ေပးၿပီး တိုင္းၾကည့္ေတာ့ 90 ေအာက္က်ေနတာနဲ႔ ပရဟိတကူညီေရးအသင္းကို ဖုန္းဆက္ၿပီးညတြင္းခ်င္းေဆး႐ုံတက္လိုက္လို႔ အခုေလာက္အသက္ရွိေသးတာပါ လတ္တေလာထိ oxygen level ျပည့္ေအာင္လုပ္ေနရတုန္းပါပဲ!!

– အဲ့မွာေျပာခ်င္တာနဲ႔သတိျပဳေစခ်င္တာရွိပါေသးတယ္…ေဆး႐ုံကေန ေဖာင္ႀကီး Q Center အေရာက္မေသ႐ုံတမယ္ျဖစ္ခဲ့တဲ့အေၾကာင္းေလးပါ😖
…ကၽြန္ေတာ္သြားခဲ့တဲ့ေဆး႐ုံက (စံျပေဆး႐ုံႀကီး) ပါ… ေဆး႐ုံကို ည ၁၂ ေက်ာ္ေလာက္ေရာက္ေတာ့ အဲကဆရာဝန္က စိတ္မရွည္သလိုနဲ႔အရင္စစ္ေမးပါတယ္။ သူေမးတာေတြေျဖၿပီး oxygen levelတိုင္းေတာ့ 88 ဆိုေတာ့ oxygen ေပးစရာမလိုဘူးလုပ္ၿပီး ေနဖို႔ေနရာေပးပါတယ္… ပရဟိတကူညီေရးကားေပၚမွာ oxygen ရႉခဲ့ရေတာ့ ပထမေတာ့နည္းနည္းသက္သာတယ္… ၿပီးေတာ့ သူတို႔ခ်ေပးတဲ့ေနရာမွာoxyengမပါဘဲ* ေနေနရင္းမခံနိုင္ေတာ့တာနဲ႔ထြက္ၿပီး အသက္ရႉအရမ္းၾကပ္လာလို႔ပါ လို႔ထြက္ေျပာရပါတယ္..ဒါေတာင္ထြက္လာလို႔တဲ့ေအာ္ ေငါက္ေသးတာ မထြက္လို႔လဲလာၾကည့္မယ့္လူတစ္ေယာက္မွမရွိပဲနဲ႔.😏 အဲ့ညကေတာ့ေကာင္းေကာင္းအိပ္ေပ်ာ္သြားပါတယ္..

-မနက္က် swab test စစ္ရပါတယ္…ေနာက္တစ္ရက္က် result ကတန္းသိရတာပါပဲ… Positive တဲ့ အခန္းထဲမွာ လူနာ (6)ေယာက္ရွိတာ (4)ေယာက္ Positive ပါတယ္။ အဲ့မွာစေတြ႕ေတာ့တာပါပဲ Positive လဲဆိုေတာ့အကုန္ၾကက္ေပ်ာက္ငွက္ေပ်ာက္ oxygen ကုန္လို႔ေတာင္းလို႔လဲခုလာမလိုလိုေတာ္ၾကာလာမလိုလိုနဲ႔လာကိုမလာေတာ့တာ… ေရာဂါကူးမွာေၾကာက္တာစာနာပါတယ္ ဒါေပမယ့္ ဒီလိုအ‌ေျခအေနမွာ covid လူနာေတြေရာက္ရင္ဘာလုပ္မယ္ဆိုၿပီး system မလုပ္ထားတာလားဘာလားေတာ့မသိဘူး…တိုးခ်ဲ႕ေတြလုပ္ေနတာေတာ့အမ်ားႀကီး..
အဲ့ဒီ စံျပေဆး႐ုံက ဆရာဝန္ေတြေကာ…ဆရာဝန္မေတြေကာ ေဆးကုဖို႔ထက္ ေဆးျဖန္းဖို႔ပဲလုပ္ေနၾကတာဗ်ာ…အဲဒါဆိုလဲအိမ္မွာပဲေနတာမဟုတ္ဘူးဗ်ာ…

-ၿပီးေတာ့ေဖာင္ႀကီးဖို႔ပို႔စီစဥ္ၾကေတာ့တာပဲ အဲ့မွာစံျပေဆး႐ုံက တာဝန္ခံဆရာဝန္ကဖုန္းဆက္ပါတယ္… အဓိကဆက္တာ ေဖာင္ႀကီးကို information ပို႔ဖို႔နာမည္ေမး၊ဘာေမးေပါ့ ကိုယ္ကလဲ oxygen ပိုက္ကျဖဳတ္လို႔ကိုမရေတာ့ အားကိုးတႀကီးနဲ႔ ‘ဆရာရယ္ ကၽြန္ေတာ္အသက္ရႉၾကပ္ေနလို႔ oxygen ေလးရႉၿပီးျဖစ္ျဖစ္သြားလို႔ရေအာင္ စီစဥ္ေပးပါအုံးေနာ္’ လို႔အကူညီေတာင္းရတာေပါ့… ရၽြန္းရႊန္းေဝျပန္ေျပာပါတယ္ စီစဥ္ေပးပါ့မယ္တဲ့!!

– ကိုယ္လဲစိတ္ခ်လက္ခ်ေပါ့… ညေနလဲေရာက္ေရာကားေရာက္ၿပီ ထြက္ေတာ့ဆိုၿပီးေမာင္းထုတ္ေတာ့တာပါပဲ… အမယ္_ဒါမ်ိဳးက်ေနာက္ကေနေတာက္ေလၽွာက္အုပ္လိုက္ႀကီး လူ‌ေျခ‌ေထာက္နားေတြထိပါေဆးျဖန္းၿပီးလိုက္ပို႔တာဗ်ာ!! ကိုယ္လဲသိေတာ့သိလိုက္တယ္ ဘာ oxygen မွလဲရႉဖို႔ေျပာလို႔ရမွာမဟုတ္ေတာ့ဘူး… ေတာ္ေတာ္လဲအသက္ရႉၾကပ္ေနပီ…ကားျမင္ေတာ့ပိုၾကပ္ YBS ကားေပၚမွာ အကုန္လုံကိုစုၿပီးဝက္တင္သလိုတင္ထားတာ ထိုင္စရာေနရာေတာင္မရွိေတာ့ တင္စရာရွိတာတင္ၿပီး မတ္တပ္ေလးရပ္မွီေနၿပီး စိတ္မလႊတ္သြားေအာင္ အသက္ကိုပုံမွန္ထိန္းၿပီးမနည္းရႉေနရတယ္ အသက္ရႉေလ့က်င့္ခန္းေတြအရင္ကလုပ္ထားတာကိုလဲကိုယ့္ဘာသာေက်းဇူးတင္မိတယ္… ကံေကာင္းခ်င္ေတာ့အန္တီႀကီးတစ္ေယာက္က ၾကပ္ေနမွန္းသိလို႔ေနရာဖယ္ေပးလို႔ ၿငိမ္ၿငိမ္ေလးထိုင္ၿပီးလိုက္လာရတယ္ ေဖာင္ႀကီးကို…. oxygen level တိုင္းၾကည့္ေတာ့ 68 ေလာက္ဖစ္ေနပီ!! မေသတာကံေကာင္း…😫

-ေဖာင္ႀကီးနားေရာက္ေတာ့ Q Center ကတာဝန္က်ဆရာဝန္ကဖုန္းဆက္ၿပီး ေရာဂါအေျခေနႀကိဳေမးေတာ့ ကၽြန္ေတာ္အသက္ရႉၾကပ္ေနတဲ့အေၾကာင္းေျပာေတာ့…ဆရာဝန္ကအံ့ဩၿပီး! ဘယ္လိုလိုက္လာလဲတဲ့? ဒီတိုင္းပဲလိုက္လာရတာလို႔ေျပာေတာ့…’ဒီဘက္ကိုလဲအသက္ရႉၾကပ္တဲ့သူပါတယ္ဆိုၿပီးအေၾကာင္းမၾကားထားဘူးတဲ့’…
ဪ…စံျပေဆး႐ုံကဖုန္းဆက္ေမးတဲ့ဆရာဝန္ကိုသိခ်င္လိုက္တာ!!!😞

– ေဖာင္ႀကီးေရာက္ေတာ့ Center ထဲဝင္ဖို႔ကားကအထဲထိမေရာက္ေတာ့ထိပ္ကေနလမ္းေလၽွာက္ရတယ္… အေဝးႀကီးမဟုတ္ေပမယ့္ ဆင္းလိုက္တာနဲ႔ဘယ္လိုမွမခံနိုင္ေတာ့ဘူး တလမ္းလုံးလည္းၾကပ္လာတာဆိုေတာ့ ဟတ္ထိုးကိုလိုက္ေနတာပဲ အသက္ကိုမနည္းရေအာင္ျပန္ရႉရတာ…မ်က္လုံးပါျပာၿပီးေသပီထင္တာ…Center ထဲမနည္းအားတင္းဝင္ၿပီး အထဲေရာက္တာနဲ႔ လိုအပ္တဲ့ေဆးေတြထိုးေပးၿပီး လိုတာအကုန္လုပ္ေပးၾကပါတယ္…

-Q center ေတြကေတာ့ ဒီလူနာေတြအတြက္ system ခ်ထားၿပီးသားဆိုေတာ့ ေနရတာအဆင္တကယ္ေျပပါတယ္…ေဆးစစ္တာကအစေသခ်ာေလးကို ဂ႐ုစိုက္လုပ္ေပးပါတယ္… ေက်းဇူးလဲအထူးတင္ပါတယ္🙏

– ဒါေၾကာင့္ ကၽြန္ေတာ္လိုမျဖစ္ရေအာင္ အနံ့ေပ်ာက္၊အဖ်ားအရမ္းတက္၊ၾကပ္ေမာၿပီဆိုရင္ ေဆး႐ုံကို ျမန္ျမန္ေက်ာ္ၿပီး Q Center ကိုျမန္ျမန္ေရာက္ေအာင္ေျပးၾကပါလို႔ေျပာခ်င္ပါတယ္…(တျခားေဆး႐ုံေတြေတာ့မသိပါ စံျပေဆး႐ုံႀကီးကေတာ့လွန႔္သြားပါပီ)

– ေနာက္ၿပီး ‌ကိုယ့္ကိုယ္ကို အရမ္းမစိုးရိမ္ရဘူးထင္လို႔ oxyen level က်မက်သိခ်င္ရင္ေတာ့ စက္ေလးေဆာင္ထားၿပီးတိုင္ၾကည့္လို႔ရပါတယ္… Oxygen level 95 နဲ႔ အထက္ဆိုရင္ပုံမွန္ပါပဲ… 90-92 ေလာက္ဆို ေနသာတယ္ဆို႐ုံေလးပါ.. 90 ေအာက္ဆိုရင္ေတာ့မေကာင္းပါဘူး။
အားလုံးပဲ အိမ္ထဲမွာက်န္းမာေအာင္ေနၿပီး Covid19 ရန္ကင္းေဝးၾကပါ‌ေစဆုေတာင္းေပးလိုက္ပါတယ်

#Unicode

ကျွန်တော် ဖောင်ကြီး Q center မှာရောက်တာ ဒီနေ့နဲ့ဆို (၈)ရက်ရှိပါတယ်… ဒီမရောက်ခင်ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ရောဂါခံစားမှုနဲ့ သတိပြုစရာတချို့ကိုပြောပြချင်ပါတယ်______

-Covid 19 ရောဂါဖြစ်တဲ့ပုံစံကတော့တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး ကွန်တော်ဖြစ်တာကတော့ဆိုးတဲ့အထဲမှာပါတယ်လို့ပဲဆိုရမှာပါ…အဖျားတက်၊မော၊ကြပ်တာပေါ့နော်…အနံ့ပျောက်ပြီးအဲဒါတွေစဖြစ်တာပဲ..အရင်လဲအဆုတ်မကောင်းတာအခံရှိတော့ မောတာ၊ကြပ်တာကို ပုံမှန်လောက်ပဲထင်တာ …လူကခေါင်းကလဲမာတော့ သက်သာသွားမှာဆိုပြီးကြိတ်ခံနေသေးတာ…ကျွန်တော်အကိုအကြီး Zaw Moe Hein ကိုကျေးဇူးတင်ရမှာပါပဲ… သူက oxygen level တိုင်းတာတွေပို့ပေးပြီး တိုင်းကြည့်တော့ 90 အောက်ကျနေတာနဲ့ ပရဟိတကူညီရေးအသင်းကို ဖုန်းဆက်ပြီးညတွင်းချင်းဆေးရုံတက်လိုက်လို့ အခုလောက်အသက်ရှိသေးတာပါ လတ်တလောထိ oxygen level ပြည့်အောင်လုပ်နေရတုန်းပါပဲ!!

– အဲ့မှာပြောချင်တာနဲ့သတိပြုစေချင်တာရှိပါသေးတယ်…ဆေးရုံကနေ ဖောင်ကြီး Q Center အရောက်မသေရုံတမယ်ဖြစ်ခဲ့တဲ့အကြောင်းလေးပါ😖
…ကျွန်တော်သွားခဲ့တဲ့ဆေးရုံက (စံပြဆေးရုံကြီး) ပါ… ဆေးရုံကို ည ၁၂ ကျော်လောက်ရောက်တော့ အဲကဆရာဝန်က စိတ်မရှည်သလိုနဲ့အရင်စစ်မေးပါတယ်။ သူမေးတာတွေဖြေပြီး oxygen levelတိုင်းတော့ 88 ဆိုတော့ oxygen ပေးစရာမလိုဘူးလုပ်ပြီး နေဖို့နေရာပေးပါတယ်… ပရဟိတကူညီရေးကားပေါ်မှာ oxygen ရှူခဲ့ရတော့ ပထမတော့နည်းနည်းသက်သာတယ်… ပြီးတော့ သူတို့ချပေးတဲ့နေရာမှာoxyengမပါဘဲ* နေနေရင်းမခံနိုင်တော့တာနဲ့ထွက်ပြီး အသက်ရှူအရမ်းကြပ်လာလို့ပါ လို့ထွက်ပြောရပါတယ်..ဒါတောင်ထွက်လာလို့တဲ့အော် ငေါက်သေးတာ မထွက်လို့လဲလာကြည့်မယ့်လူတစ်ယောက်မှမရှိပဲနဲ့.😏 အဲ့ညကတော့ကောင်းကောင်းအိပ်ပျော်သွားပါတယ်..

-မနက်ကျ swab test စစ်ရပါတယ်…နောက်တစ်ရက်ကျ result ကတန်းသိရတာပါပဲ… Positive တဲ့ အခန်းထဲမှာ လူနာ (6)ယောက်ရှိတာ (4)ယောက် Positive ပါတယ်။ အဲ့မှာစတွေ့တော့တာပါပဲ Positive လဲဆိုတော့အကုန်ကြက်ပျောက်ငှက်ပျောက် oxygen ကုန်လို့တောင်းလို့လဲခုလာမလိုလိုတော်ကြာလာမလိုလိုနဲ့လာကိုမလာတော့တာ… ရောဂါကူးမှာကြောက်တာစာနာပါတယ် ဒါပေမယ့် ဒီလိုအ‌ခြေအနေမှာ covid လူနာတွေရောက်ရင်ဘာလုပ်မယ်ဆိုပြီး system မလုပ်ထားတာလားဘာလားတော့မသိဘူး…တိုးချဲ့တွေလုပ်နေတာတော့အများကြီး..
အဲ့ဒီ စံပြဆေးရုံက ဆရာဝန်တွေကော…ဆရာဝန်မတွေကော ဆေးကုဖို့ထက် ဆေးဖြန်းဖို့ပဲလုပ်နေကြတာဗျာ…အဲဒါဆိုလဲအိမ်မှာပဲနေတာမဟုတ်ဘူးဗျာ…

-ပြီးတော့ဖောင်ကြီးဖို့ပို့စီစဉ်ကြတော့တာပဲ အဲ့မှာစံပြဆေးရုံက တာဝန်ခံဆရာဝန်ကဖုန်းဆက်ပါတယ်… အဓိကဆက်တာ ဖောင်ကြီးကို information ပို့ဖို့နာမည်မေး၊ဘာမေးပေါ့ ကိုယ်ကလဲ oxygen ပိုက်ကဖြုတ်လို့ကိုမရတော့ အားကိုးတကြီးနဲ့ ‘ဆရာရယ် ကျွန်တော်အသက်ရှူကြပ်နေလို့ oxygen လေးရှူပြီးဖြစ်ဖြစ်သွားလို့ရအောင် စီစဉ်ပေးပါအုံးနော်’ လို့အကူညီတောင်းရတာပေါ့… ရျွန်းရွှန်းဝေပြန်ပြောပါတယ် စီစဉ်ပေးပါ့မယ်တဲ့!!

– ကိုယ်လဲစိတ်ချလက်ချပေါ့… ညနေလဲရောက်ရောကားရောက်ပြီ ထွက်တော့ဆိုပြီးမောင်းထုတ်တော့တာပါပဲ… အမယ်_ဒါမျိုးကျနောက်ကနေတောက်လျှောက်အုပ်လိုက်ကြီး လူ‌ခြေ‌ေထာက်နားတွေထိပါဆေးဖြန်းပြီးလိုက်ပို့တာဗျာ!! ကိုယ်လဲသိတော့သိလိုက်တယ် ဘာ oxygen မှလဲရှူဖို့ပြောလို့ရမှာမဟုတ်တော့ဘူး… တော်တော်လဲအသက်ရှူကြပ်နေပီ…ကားမြင်တော့ပိုကြပ် YBS ကားပေါ်မှာ အကုန်လုံကိုစုပြီးဝက်တင်သလိုတင်ထားတာ ထိုင်စရာနေရာတောင်မရှိတော့ တင်စရာရှိတာတင်ပြီး မတ်တပ်လေးရပ်မှီနေပြီး စိတ်မလွှတ်သွားအောင် အသက်ကိုပုံမှန်ထိန်းပြီးမနည်းရှူနေရတယ် အသက်ရှူလေ့ကျင့်ခန်းတွေအရင်ကလုပ်ထားတာကိုလဲကိုယ့်ဘာသာကျေးဇူးတင်မိတယ်… ကံကောင်းချင်တော့အန်တီကြီးတစ်ယောက်က ကြပ်နေမှန်းသိလို့နေရာဖယ်ပေးလို့ ငြိမ်ငြိမ်လေးထိုင်ပြီးလိုက်လာရတယ် ဖောင်ကြီးကို…. oxygen level တိုင်းကြည့်တော့ 68 လောက်ဖစ်နေပီ!! မသေတာကံကောင်း…😫

-ဖောင်ကြီးနားရောက်တော့ Q Center ကတာဝန်ကျဆရာဝန်ကဖုန်းဆက်ပြီး ရောဂါအခြေနေကြိုမေးတော့ ကျွန်တော်အသက်ရှူကြပ်နေတဲ့အကြောင်းပြောတော့…ဆရာဝန်ကအံ့ဩပြီး! ဘယ်လိုလိုက်လာလဲတဲ့? ဒီတိုင်းပဲလိုက်လာရတာလို့ပြောတော့…’ဒီဘက်ကိုလဲအသက်ရှူကြပ်တဲ့သူပါတယ်ဆိုပြီးအကြောင်းမကြားထားဘူးတဲ့’…
ဪ…စံပြဆေးရုံကဖုန်းဆက်မေးတဲ့ဆရာဝန်ကိုသိချင်လိုက်တာ!!!😞

– ဖောင်ကြီးရောက်တော့ Center ထဲဝင်ဖို့ကားကအထဲထိမရောက်တော့ထိပ်ကနေလမ်းလျှောက်ရတယ်… အဝေးကြီးမဟုတ်ပေမယ့် ဆင်းလိုက်တာနဲ့ဘယ်လိုမှမခံနိုင်တော့ဘူး တလမ်းလုံးလည်းကြပ်လာတာဆိုတော့ ဟတ်ထိုးကိုလိုက်နေတာပဲ အသက်ကိုမနည်းရအောင်ပြန်ရှူရတာ…မျက်လုံးပါပြာပြီးသေပီထင်တာ…Center ထဲမနည်းအားတင်းဝင်ပြီး အထဲရောက်တာနဲ့ လိုအပ်တဲ့ဆေးတွေထိုးပေးပြီး လိုတာအကုန်လုပ်ပေးကြပါတယ်…

-Q center တွေကတော့ ဒီလူနာတွေအတွက် system ချထားပြီးသားဆိုတော့ နေရတာအဆင်တကယ်ပြေပါတယ်…ဆေးစစ်တာကအစသေချာလေးကို ဂရုစိုက်လုပ်ပေးပါတယ်… ကျေးဇူးလဲအထူးတင်ပါတယ်🙏

– ဒါကြောင့် ကျွန်တော်လိုမဖြစ်ရအောင် အနံ့ပျောက်၊အဖျားအရမ်းတက်၊ကြပ်မောပြီဆိုရင် ဆေးရုံကို မြန်မြန်ကျော်ပြီး Q Center ကိုမြန်မြန်ရောက်အောင်ပြေးကြပါလို့ပြောချင်ပါတယ်…(တခြားဆေးရုံတွေတော့မသိပါ စံပြဆေးရုံကြီးကတော့လှန့်သွားပါပီ)

– နောက်ပြီး ‌ကိုယ့်ကိုယ်ကို အရမ်းမစိုးရိမ်ရဘူးထင်လို့ oxyen level ကျမကျသိချင်ရင်တော့ စက်လေးဆောင်ထားပြီးတိုင်ကြည့်လို့ရပါတယ်… Oxygen level 95 နဲ့ အထက်ဆိုရင်ပုံမှန်ပါပဲ… 90-92 လောက်ဆို နေသာတယ်ဆိုရုံလေးပါ.. 90 အောက်ဆိုရင်တော့မကောင်းပါဘူး။
အားလုံးပဲ အိမ်ထဲမှာကျန်းမာအောင်နေပြီး Covid19 ရန်ကင်းဝေးကြပါ‌စေဆုတောင်းပေးလိုက်ပါတယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071