Saturday, June 27, 2026

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...
HomeArticlesပန်းသီတဲ့ ပန်းချီမြို့ဟောင်း

ပန်းသီတဲ့ ပန်းချီမြို့ဟောင်း

ပန်းကံ့ကော် ရွှေသရဖီ ရနံ့လေး ရယ်နှင့် သင်းသင်းတဲ့စံပယ်ငုံ မြတ် လေးရယ် ကြာပန်းငုံက ရေလယ်မှာ ပွင့်ရရှာတယ် …. တောစံပယ် လေးနှင့်၊ တမာပန်းတွေက အညာ လမ်းမှာ အခါခါ ပွင့်ပြန်ပေါ့ ….နွေဦးတဲ့ လရာသီမှာ ပြန်လေပြီ ငွေ ဗျိုင်းဖြူကလေး ….ကနုတ်တပ် တဲ့တေး ….တေးဆိုလို့ သူရောက် လာတယ် ….ဟိုးဝေးဝေးက ချိုး ကူသံရယ် ပလွေသံနှောပါလို့ သူ့ရင် ခွင်မှာ ပလွေတစ်ချောင်းရယ်နှင့် မောင်ကြီးပျိုရယ်….ပျိုတို့ မောင် လာမယ့်လမ်းက မျှော်ရှာသူငယ် ချစ်ဦးက ဝေးပြန်ကာ သူရောက်လာ တော့ ရွာဝင်တမာလမ်းမှာဖြင့် မွှေး ပျံ့ဝေသီပန်းချီကို သူရေးပါလို့ ဝါနီ ပြာကာ လာလေးရယ်က သူ့ရုပ်သွင် ဆေးကောက်ကြောင်းရယ်နှင့် မောင် ကြီးကွယ် ရေးခြယ်ကာပေးပါ့မယ် … သက်ဦးခင် သူ့ဘဝင်ထဲကိုလှ ရေးခြယ်ကာ ပန်းချီကားလေးရယ်နှင့် ကြာပန်းငုံ အငုံဖူးပြီထင့် ချစ်ဦးသူ့ ရင်မှာ သူသိလိမ့်မယ် …ပါးပြင် မှာ သနပ်ခါးလေးရယ်က ရွှေကံ့ကော် ပွင့်လေးနှင့် တူလှတယ်ကွယ် … မွှေးပျံ့တဲ့ရနံ့လေး …။

ပန်း ပန်းချီ ခြယ်ကာသပါလို့ သံယောဇဉ်ပန်းသီတဲ့ ကြိုးလေးရယ် …. ရနံ့လေးကျန်ခဲ့ပြီမို့ ကြိုးဖြတ် သူ သံယောဇဉ်က ပြန်ပြောရင် အ မေသိပြီမို့ နောင်နှစ်ကာ သူပြန်လာ တော့ မောင်ကြီးပျို ပန်းချီရေးချင် ပေါ့ လိုက်ခဲ့ပါ ခင်ခင်ဦးရယ် … ရေးခြယ်လို့ ကျွေးပါ့မယ် ပန်းပန်းချီ သူ့လက်ကလေးရယ်က ဘဝမှာ စာ မျက်နှာတွေနှင့် မဂ္ဂဇင်းနော် … သရုပ်ဖော်ကာဖြင့် တွယ်တာလှပေတဲ့ ကွယ်ရာက ချစ်ခဲ့ရတယ် … ဆေးရောင်သွယ် သူ့မျက်ဝန်းမှာလ မျက်တောင်လေးအခါခါခတ်ခဲ့တယ် ….ရင်ထဲက ချစ်စကားဖြစ်သွား မှာ သူထင်နေသလားကွယ် ခုများ တော့ မောင့်ဘဝင်မှာ ပန်းချီသမား လေးဖြစ်ခဲ့ပြီမို့ ရေးခြယ်ရင်းနှစ်များ က ခုများတော့ စာတွေနယ်က ပြောင်းလွှဲကာ သွားကြပြီမို့ အင် တာနက် မှန်ရင်ပြင်က …အချစ် ဟောင်းစာတွေက ခေတ်ပြောင်းကာ သူသိပြီမို့ စာပလွေ ဆင့်ကာရေးပြီမို့ သူဖတ်ခဲ့တဲ့ အတွင်းစိတ် ကလေး ရယ်က …ချစ်ဦးသူ ခင်ခင်ဦးရယ် …ဘူးစင်လေးရဲ့ အောက်မှာ ပွင့် ရှာတဲ့ နှစ်ကလေးက ဆယ့်ခြောက် နှစ်ကလေးဖြစ်ခဲ့တယ် ….သုံးနှစ် တာ လူပျိုလှည့်ပြီမို့ ခုများတော့ ဖြေ မပေးမီ အမေ့ကို သူပူဆာတော့ မေ စောဖြူသူ့အမေက”ပွဲပို့ပါ”တဲ့ …

ညအခါ အညာပွဲတွေကို ချူလုံး သံတချွင်ချွင် ညံအောင် နွားလှည်း တွေနှင့် သူပျော်ခဲ့ရပြီ ….ဘဲဥ ပြုတ်၊ လမုန့်တွေ အကြော်စုံနှင့် လူ ပျိုလှည့်ခဲ့ရပြီ …မေတ္တာစိန်ဇာတ် ပွဲကလေးက ညအခါ လသာသာမှာ ဖြင့် တစ်ဖက်ရွာဝေးဝေးက လာသူ ရယ် …နီစိန်ကတ္တီပါ အင်္ကျီလေး နှင့် သူ့ပါးပြင်မှာ ရွှေကံ့ကော် သနပ် ခါးလေးက ယခုတိုင်မွှေးပျံ့နေဆဲ …. မင်္ဂလာရက်မြတ် လက်ထပ် တဲ့ ရက်ကလေးက ခါသင်္ကြန်ရက်မှာ ဖြင့် …. ကျောက်ဆည်မှာ မင်္ဂ လာ လက်ဖွဲ့ပြန် စေတနာတွေက ယူ ဝယ်ကာ ပြန်လာတော့ နှစ်သင်္ကြန် နှစ်ဆန်းတစ်ရက်ပေမို့ မင်္ဂလာဆောင် တဲ့ ရက်ကလေးက နောက်ကျခဲ့ရပြီ …ရောက်ခဲ့ပေါ့ နောက်တစ်ရက် မှာ မျှော်ရှာသူ ခင်ခင်ဦးမှာဖြင့် သူ့ အသက်ဆယ့်ခြောက်နှစ်ကာလ…

ချစ်တာကို သူမသိခဲ့ပြီမို့ ပျော် ၍သာ နေခဲ့ရှာပြီ ….မင်္ဂလာပွဲ လေးကိုလ ဘူးစင်အောက်က မင်္ဂလာ ပွဲလေး ….သပြေပန်းနှင့် လက် ကမ်းကြိုသူတွေက ပန်းချီရေးသူနော် ပြန်မလာဘူးပေမို့ ချစ်ဦးသူခင်ခင်ဦး မှာ စိတ်ပူတာ သူမသိပြီမို့ ရောက် လာတော့ မင်္ဂလာနောက်ရက်မှာ ပျော်လျက်သား ဆွေမျိုးတွေကနော် ကွယ် ….ပြန်မလာဘူးရယ်လို့ အခါခါမေးကြတယ်ကွယ် ….

နှစ်ဆန်းတဲ့ သင်္ကြန်ရက်ကလေး က …ကားမထွက်တော့ ရွာကိုပြန် မလာနိုင်ခဲ့ပြီမို့ ဖြေမဆည်ပြန်ကာ ပြောခဲ့ရင်း ခင်ခင်ဦးကိုလ ရေချိုး ဆိပ်မှာ အမောပြေအောင် ရေချိုး ရင်းတို့နှစ်ဦးမှာ အမှတ်တရအနေဖြင့် တမာပင်မှာ သံမှိုရိုက်ကာနှင့် ….

ရေချိုးဆိပ်ရွာနံဘေးက ရေ တွင်းလေး ….

ဘူးစင်အောက်က လှည်းအိမ် ပေါ်မှာ အတူတူ အိပ်ရတယ်ကွယ် ….

ငယ်ကပေါင်းတဲ့ ချစ်ရတဲ့သူ လေ ….

မင်္ဂလာဆောင်ပြီး ရက်သုံးဆယ် ကျော်တော့ သူ့ကိုရွာမှာ ထားခဲ့ပြီမို့ ….သူ့ရဲ့ အရင်အလုပ်ကလေးက ပေါင်းနုတ် ….ရက်ကန်းရက် တယ် ချည်ချတယ် …. အမေ့ ရင်ခွင်မှာ သူနေရစ်ခဲ့ပြီမို့ ယခုတော့ ပန်းချီမောင်က သဲတောဘူတာတစ် ဆင့် ရန်ကုန်ကို မီးရထားလေးနှင့် ပြန်ခဲ့ရှာပြီ ….ရထားဖြတ်ခ အပိုင်းလေး ၁၅ ကျပ်ကိုလေ အမှတ် တရအနေနှင့် မှတ်တမ်းကလေးတွေ ကို ယခုတိုင် သူသိမ်းထားတဲ့ ရထား လက်မှတ်ကလေးကိုပင် လွမ်းတတ် သူ …..

ပန်းချီဆရာကြီးနှင့် ဆရာက တော်က မင်္ဂလာဆောင်ပြီးရင် မထား ခဲ့ရဘူး ပြန်ခေါ်ပါလို့ ဆိုလာတော့ ချစ်ရသူခင်ခင်ဦးကိုလေ အညာပြန်ခရီးကနေ ဆရာလာပြန် ခေါ်ရမယ်တဲ့။ အိမ်စရိတ်ကလေး ၁၅ဝ ပေးမယ်တဲ့။ ဒါကြောင့် ချစ်ရ သူခင်ခင်ဦးကိုလေ ရန်ကုန်မိကျောင်း ကန်ဘောက်ထော်အရပ်ကိုခေါ်ခဲ့ ကာ သူနှင့်နီးခဲ့ရပြန်ပြီ ……

တစ်ညဆီက …..ငယ်မူပြန် ရေးပါက ညအိပ်တဲ့အခါ ကြေးအပ် ချိတ်ကြီးနှင့် သူထဘီ၊ ကျွန်တော့်လုံ ချည်ချိတ်ကာ တွယ်ထားတတ်တယ် ကွယ်ပြေးနိုင်ပါ့မလားတဲ့ ထိုမှတစ် ဆင့် ကျောက်မြောင်းက ဘဝအိမ်က လေးမှာ မိသားစုလေးဖြစ်ခဲ့ရတယ် …..သူ့ရနံ့လေးက သတိရတိုင်း ယခုတိုင်မွှေးနေဆဲပင် ….ဘဝ ဖော် အိမ်သူက ပန်းချီရေးရင်း ပို့စ ကတ်ထုတ်ရင်း မိသားစုငါးယောက် နှင့် ပန်းချီအိမ်ကလေးမှာဖြင့် သုံး ဆယ့်ငါးနှစ်ကျော်ခဲ့ပြီ ……

စာပေနယ်မှာဖြင့် စာပလွေ မကြားရပြီမို့ လေထန်ကုန်းဆိုတဲ့ စာ ပေသမားတွေနှင့် တစ်လနော် တစ် ခါ တွေ့ဆုံခဲ့ရင်း နှစ်ငါးဆယ်ကျော် ဘဝဇာတ်ခုံမှာ အတူတွဲခဲ့ရတဲ့ … ချစ်ရသူခင်ခင်ဦးမှာ ဘဝတစ်ပါး ပြောင်းခဲ့ရရှာပြီ ……

ယဉ်ကျေးမှုတက္ကသိုလ်က ပန်း ချီကျောင်းဆင်းတဲ့ သမီးငယ် သီလ ရှင်မလေး စိတ်အသွင် ဘဝဟောင်း ကိုလ ဆင်မြန်းတဲ့ ပန်းလိမ္မော် သင်္ကန်းစနှင့် ဝမ်းတွင်းသိမ်တောင်ရှိ တောင်ပေါ်မှာ စာတရားရယ် စိတ် ဘာဝနာရယ်နှင့် သူ့ဘဝင်ငြိမ်းစေခဲ့ တယ်တဲ့ ….

သမီးနှစ်ယောက်ကျန်တော့ ……အဖေက ပန်းချီဆရာ၊ သမီးက နန်းထိုက်ရတနာက ဆေး တိုက်ခဲ့ကာ သမီးကြီးက ချက်ပြုတ် ကာနှင့်လေ …..

မေ့ထားခဲ့ပြီလား ဆေးရောင် ကလေးရယ် …….

ခုများတော့ ပန်းချီအိမ်မှာ ……

နှလုံးသား အလွမ်းပုံရိပ်နှင့် အတူ ……..

ဧရာဝဏ် ပန်းချီခန်းမှာ ကျန်ရှိ နေဆဲ …….

တင်လှဝင်းတင်

Ads Space Available


Continue reading

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို (၄-၁) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် (၃၂)သင်းအဆင့် တက်ရောက်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်းတွင် ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဒမ်ဘီလီက ပွဲချိန် ၇ မိနစ်၊ မိနစ် ၂၀ နှင့် ၃၂ မိနစ်တို့တွင် သွင်းဂိုးများသွင်းယူကာ ပထမပိုင်းအတွင်း ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဌာနပိုင်အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ဖျ-က်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်း ထုတ်ပြန်

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဖြင့်လည်းကောင်း၊ Di-Ammonium Phosphate (DAP) အခြေခံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071