Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeArticles၀င်ငွေ (သို့) လက်လှမ်းမမှီသောအကြောင်းများ

ဝင်ငွေ (သို့) လက်လှမ်းမမှီသောအကြောင်းများ

သာမန်လူတန်းစား ဝယ်ယူစားသုံးနိုင်တဲ့ တန်ဖိုးထက် အခြေခံစားသောက်ကုန်များက အဆမတန် တန်ဖိုး ကြီးမြင့်ခြင်းကို ဖြစ်ပေါ်လာစေတဲ့ မည်သည့်စီးပွားရေးပုံစံကို မဆို နည်းစနစ်ကိုမဆို ရှောင်ရှားကြရမှာဖြစ်တယ်။ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးရမှာဖြစ်သော်လည်း ဈေးကွက် စီးပွားရေးစနစ်ထဲမှာ အဲဒီလိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာနေ ရင် လိုအပ်သလို ထိန်းညှိပြုပြင်ရမှာဖြစ်တယ်။ သာမန်လူတန်း စားဆိုတာ တစ်နေ့တာဝင်ငွေကို တစ်နေ့တာ စားဝတ်နေရေး အသုံးစရိတ်အတွက် ဖြေရှင်းနေကြရသူတွေနဲ့ လစာနည်း ဝန်ထမ်းတွေကို ဆိုလိုပါတယ်။ အခြေခံ စားသောက်ကုန်ဆိုတာ ကတော့ မဖြစ်မနေ ဝယ်ယူစားသုံးနေကြရတဲ့ ဆန်၊ ဆီ၊ ဆား၊ သားငါး၊ ဟင်းသီးဟင်းရွက် အသီးအနှံများကို ဆိုလိုပါတယ်။

စီးပွားရေးစနစ်တစ်ခုဟာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ဝေါဟာရပြောင်းလဲခြင်းအဖြစ် ညင်သာစွာ ကူးပြောင်းနိုင်တဲ့ နည်းလမ်းရှိပါလိမ့်မယ်။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့အတူ သာမန်လူတန်းစားများရဲ့ တစ်နေ့တာ လုပ်အားခဝင်ငွေဟာ မြင့်မားတိုးတက်လာခြင်းကို ဆိုလိုတယ်။ စီးပွားရေးစနစ်တစ်ခု ဟာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ဝေါဟာရပြောင်းလဲခြင်း အဖြစ် ညင်သာစွာ ကူးပြောင်းတဲ့အခါ နိုင်ငံတကာငွေကြေးစံနှုန်း ဖလှယ်နှုန်းထားတွေနဲ့ ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်မှသာ လျှင် အောင်မြင်တဲ့ ညင်သာစွာ ကူးပြောင်းခြင်းဖြစ်တယ်။ (ဒီ နေရာမှာ ဇင်ဘာဘွေနိုင်ငံရဲ့ ငွေကြေးတန်ဖိုး အပြောင်းအလဲ ဟာ သင်ခန်းစာကောင်းတစ်ခုဖြစ်တယ်။)

မှတ်စုဟောင်းတွေပြန်ကြည့်ရင်း အထက်ပါစာပိုဒ်ကလေး ကို ပြန်တွေ့သည်။ အောက်ခြေရက်စွဲကို ကြည့်မိတော့ (၂ဝ၁ဝ.၇.၂၅) ရက်နေ့က ဖြစ်သည်။ ကျွန်တော်သည် လူ လတ်တန်းစားမိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး ယခုလည်း လူလတ်တန်းစားမိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ကြောင့် လူလတ်တန်းစားတို့၏ ထုံးစံအတိုင်း ဆင်းရဲသော မိသားစုဘဝသို့ ရောက်သည့်အခါများရှိသလို လူချမ်းသာများ လို စားသောက်သုံးဖြုန်းနိုင်သော နေ့ရက်တချို့လည်းရှိကြောင်း ဝန်ခံပါသည်။ များသောအားဖြင့် စားဝတ်နေရေး အသင့် အတင့် အဆင်ပြေသော မိသားစုသာဖြစ်ပါသည်။ စီးပွားရေး အောင်မြင်အောင် မစွမ်းဆောင်နိုင်သူက စီးပွားရေးနှင့် ငွေ ကြေးစနစ်အကြောင်း ပြောနေမိ သည်မှာ နှာခေါင်းရှုံ့စရာဖြစ် ကောင်းဖြစ်ပါမည်။ မတတ်နိုင်ပါ။ ရိပ်ကာဝဲကာနှင့် မိမိစဉ်းစားဆင်ခြင် ဖူးတာတို့ ပြန်လည်ပြောပြခြင်းသာ ဖြစ်ပါသည်။ ဤနေရာတွင် စီးပွား ရေးနှင့် ငွေကြေး၏ သဘောတရားကို ပိုင်နိုင်ကျွမ်းကျင်သူများ၏ စဉ်းစား ပြုမူဆောင်ရွက်ချက်များကို ကျွန် တော်လိုက်နာရန် အသင့်ရှိပါသည်။

ကျွန်တော်အိမ်ထောင်ကျစက ကုန်ဈေးနှုန်းကို ဝေဖန်ပြစ်တင်ဖူးပါ သည်။ ကျွန်တော့်ပြစ်တင် ဝေဖန်မှု ကို ကြားနေသော အမျိုးသမီးကြီး တစ်ဦးက မောင်နေမျိုးရေ ငါတို့က တော့ ကုန်ဈေးနှုန်းတက်တာကို ဘာ မှမပြောတော့ပါဘူးကွယ်။ တက်ရင် လည်း တက်တဲ့ဈေးနဲ့ ကိုယ်ဝယ်စား နိုင်ပါရစေလို့ပဲ အောက်မေ့တယ်ဟု ဆိုပါသည်။ ကျွန်တော့်အတွက် တန် ဖိုးကြီးတဲ့ စကားတစ်ခွန်းပါပဲ။ ယနေ့ ကျွန်တော့်လက်ထဲမှာ ဝင်ငွေ ဘယ်လောက်ရှိသလဲ၊ ဟဲ ဟဲ ဟဲ စာမူတစ်ပုဒ်တော့ ရေးဖြစ်လေပြီ။ ဒါဆို သိပ်တော့မဆိုး ဝင်ငွေနည်း နည်းတော့ ရမှာကိုး။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071