Wednesday, September 17, 2025

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည်သူများ စတင်လျှောက်ထားနိုင်

လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင် စတင်၍ အပိုင်းလိုက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုသူများအနေဖြင့် ‌ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ယနေ့ စက်တင်ဘာလ(၁၆)ရက်မှ စတင်ပြီး...

စပါးပေါ်ချိန်တွင် တောင်သူများဈေးနှုန်းသင့်တင့်စွာ ရရှိစေရန်လိုအပ်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

စပါးပေါ်ချိန်တွင် တောင်သူများ ဈေးနှုန်းသင့်တင့်မျှတစွာ ရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့်ပြီး တောင်သူလယ်သမားများထံမှ တိုးမြှင့်ဝယ်ယူပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြောသည်။ စက်တင်ဘာ (၁၅)ရက်တွင် ပဲခူးတိုင်းဒေသကြီး ဆန်စပါးကဏ္ဍဖွံဖြိုး...

အိန္ဒိယတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွား​ရောက်

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်ကြား အပြန်အလှန်ခင်မင်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင် ရာ လေ့လာရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရန်အတွက် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)မှ အရာရှိ၊စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော်ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့...

မြန်မာနိုင်ငံတွင် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...
HomeCelebrities' Newsစမတ်ဖုန်းအသုံးများလာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို...

စမတ်ဖုန်းအသုံးများလာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်မလဲ Alice Ong

နည်းပညာခေတ်ကြီးထဲမှာ စမတ်ဖုန်းတစ်လုံးကတော့ လူတိုင်းကိုယ် စီဖုန်းကိုင်သုံးစွဲနေကြပြီ။ မြန်မာနိုင်ငံ မှာတော့ ဖေ့စ်ဘုတ်ခ်ကို တွင်တွင် ကျယ်ကျယ် သုံးစွဲနေကြတာဆိုတော့ ကားစီးလည်း ဖုန်းပွတ်၊ အိမ်မှာ ထိုင် နေရင်းလည်း ဖုန်းပွတ်၊ ရုံးခန်းမှာနေ လည်း ဖုန်းပွတ်နဲ့ ဖုန်းနဲ့ လူနဲ့အမြဲ တပူးတွဲတွဲတွေ ဖြစ်လာကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ စဖုန်းကြောင့် ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်လာမလဲ။ အဲဒီအပေါ် ဖုန်းနဲ့ အမြဲတပူးတွဲတွဲ ရှိနေတတ်တဲ့ မင်းသမီးလေးAlice Ongကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူမဆိုရင်လည်း ဖုန်းကို အမြဲသုံး နေရသူ အနုပညာရှင်တစ်ယောက် ဆိုတော့ ဘယ်လိုကာကွယ်မှုတွေ လုပ်ရလဲ၊ ဘယ်လိုမျိုးလေးတွေ လုပ် ရင် အဆင်ပြေမလဲဆိုတာ တိတိကျ ကျ ရှင်း ပြပေးနိုင်ပါတယ်။ Alice Ong ရဲ့ ရှင်းပြပြော ဆိုတာကတော့ …

“ဖုန်းတွေမှာလည်းပါပါတယ်။Eye Care Mode ပေါ့နော်။ အဲဒါ လေးလုပ်ထားမယ်။ နောက်တစ်ခု ကဖုန်းတွေကို Screen ကြီးကြီး လေး လုပ်ထားမယ်ဆိုရင် အားလုံး အတွက်အဆင်ပြေတယ်။ ဘာဖြစ် လို့လဲဆို တော့ စာလုံးလေးတွေက ကြီးကြီး မြင်ရတယ်။ အာရုံတအား စိုက်စရာမလိုဘူး။ ဒါပေမဲ့ ဘယ် လောက် ပဲလုပ်ထား၊ လုပ်ထား ဖုန်းကြည့်ရတာ ကြာတယ်။ အမြဲသုံးရ တယ်။ အာရုံ စိုက်ရတယ်ဆိုရင် မျက်စိ ညောင်းတယ်။ အာရုံ ကြောတွေထိခိုက်တာ ဖြစ်တတ် တယ်။Alice ဆိုပိုဆိုး၊ ဖုန်းကြည့် ရတာ တင်မကဘူး။ ကင်မရာမီး တွေပါကြည့်နေရတာ နေ့ တိုင်း။ ရှုတင်တွေ မှာ ဆိုရင် လည်း ဒီအတိုင်းပဲလေ။ အဲ ဒီတော့မျက်စိကို အာဟာရ ဖြည့်ပေးတဲ့မျက်စဉ်း ခတ် ဆေးသုံးတယ်။ Alice သုံးနေကျဆေးလေးဆို ပြင်သစ်က ထုတ်တာ။ အပြာရောင်လေး။ မျက်စိထဲဝင်သွားရင်လည်း အပြာရောင်အတိုင်းပဲ။ ဒါပေမဲ့ ၂ မိနစ် လောက်နေရင် ပုံမှန်အရောင်ပြန် ဖြစ်သွားရော။ အဲဒါလေးအမြဲခတ် ပေးရ တယ်။ မဟုတ်ဘူးဆိုရင် ကြာ ရင် မျက်ဖြူ ကအဖြူရောင် မဟုတ်ဘဲ နဲ့ ဝါတာ တို့ဖြစ်တတ်တယ်။ ပြီးတော့ ရေများ များသောက်ပေါ့။ ရေများများ သောက်ရင် မျက်စိအားလည်း ပြန် ကောင်းလာတယ်။ ပြီးတော့ မျက်စိ ကို အာဟာရဖြစ်စေမယ့် အစားအ သောက်တွေ ဥပမာ-မုန်လာဥနီတို့၊ ငါးတို့ အဲဒါတွေကတကယ်ကို အကျိုး ရှိပါတယ်။ နောက်တစ်ခုက ဖုန်းဆို တာ လိုအပ်လို့သုံးရင်တကယ်အသုံးဝင်တယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ တစ် နေကုန်ထိုင် ကြည့်ရင်ကြည့်နေတတ်တယ်။ Alice ဆိုရင် အဲဒီလိုပဲ။ အဲဒီတော့ ကိုယ်ဝါသနာ ပါရာတစ်ခုခုလုပ်နေပေါ့။ ဗူငခန ဆို စာအုပ်ဖတ်နေတယ်။ အဲဒါဆို အဆင်ပြေ တာပေါ့”  လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071